09
Oct

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တောအုပ်ကြီး (သန္ဓေ)များအတွက် သစ်တောသယံဇာတ ကာကွယ်ထိန်းသိမ်းခြင်းနှင့် (စ.ထ.ထ.ရ) လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စိစစ်သုံးသပ်ခြင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ တောအုပ်ကြီး (သန္ဓေ)များအတွက် သစ်တောသယံဇာတ ကာကွယ်ထိန်းသိမ်းခြင်းနှင့် (စ.ထ.ထ.ရ) လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စိစစ်သုံးသပ်ခြင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၈) ရက်​​နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံး၊ ပုံမှန်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်​ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦး​ဌေးအောင် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

သင်တန်းသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ တောအုပ်ကြီး (သန္ဓေ)ဝန်ထမ်း (၃၅)ဦး တက်ရောက်ခဲ့ကြပြီး၊ လုပ်ငန်းအ​ကြောင်းအရာ ခေါင်းစဉ်များအလိုက် အုပ်စုဖွဲ့ဆွေး​နွေးခြင်း၊ ပြန်လည် တင်ပြခြင်း၊ တင်ပြချက်များအပေါ် ဦးစီးရုံးချုပ်မှ လုပ်ငန်း၊ ဌာနခွဲများအလိုက် ဖြည့််စွက်ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့မှ လမ်းညွှန်မှာကြားခြင်း စသည့် အစီအစဉ်များဖြင့် သင်တန်းအား (၈.၁၀.၂၀၁၉)ရက်နေ့မှ (၉.၁၀.၂၀၁၉)ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။