22
Oct

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း”

၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၂၀) ရက်

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း”

       ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀-၁၀-၂၀၂၀ ရက်နေ့၊ နံနက် (၀၈:၄၅) နာရီအချိန်တွင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ Virtual စနစ်ဖြင့် ချိတ်ဆက်၍ ကျင်းပပြုလုပ်ရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊  ဦးစီးရုံးချုပ်ရှိ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေး တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ ထူးချွန်ဆုရ ဝန်ထမ်းသားသမီးများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

       ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်အနားအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်သည့်အခမ်း အနားနှင့် Virtual စနစ်ဖြင့် ချိတ်ဆက်၍ကျင်းပရာ အစီအစဉ်အရ အခမ်းအနားဖွင့်လှစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းသား သမီးများအား ဆုချီးမြှင့်ခြင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမနှင့် မြန်မာ့သစ်လုပ်ငန်း၊ တော်ဝင်ခန်းမတို့တွင် ထူးချွန်ဝန်ထမ်းသားသမီးများအား ဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းနှင့်ဦးစီးဌာနများတွင် ဆုချီးမြှင့်ခြင်းတို့အား တစ်ပြိုင်နက်ကျင်းပခြင်း၊ ဆုရထူးချွန်ဝန်ထမ်းသားသမီးများ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းတို့အား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဗဟိုကော်မတီနှင့် တိုင်းဒေသကြီးကော်မတီများ၏ စည်းကမ်း၊ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ကျင်းပခဲ့ပါသည်။