“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၅)၊ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း”

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စာ​ရေးဝန်ထမ်းများ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်​​နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံး၊ စန္နကူးခန်းမ၌ ကျင်းပပြုလုပ်ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်​ရေး ဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ် ဦးဌေး​အောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စစ်ကိုင်း၊ မကွေးနှင့် မန္တ​လေး တိုင်း​ဒေသကြီး တို့တွင် တာဝန်ထမ်း​ဆောင်​နေ​သည့် စာ​ရေးဝန်ထမ်း (၁၅)ဦးဖြင့် (၆-၇-၂၀၂၀) ရက်နေ့မှ (၉-၇-၂၀၂၀) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ပါသည်။ သင်တန်းအား COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးကော်မတီများမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေး အတည်ပြုချက်ဖြင့်် ဖွင့််လှစ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

Dryzone