06
Mar

“QGIS Training for DZGD” သင်တန်းဖွင့်လှစ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် “The Pilot Sduty on Ecosystem Services and Sustainable Livelihoods in the Central Dry Zone of Myanmar” စီမံကိန်း၏ အစီအစဉ်တစ်ခုဖြစ်သည့် “QGIS Training for DZGD” သင်တန်း အား အပူပိုင်းဒေသစိမ်းလန်းပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်တွင် (၆-၃-၂၀၁၇)ရက်နေ့၌ ADB မှ GIS ကျွမ်းကျင်ပညာရှင် Mr. Lother Linde မှ ပို့ချခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသ ကြီးများမှ ဦးစီးအရာရှိ (၁)ဦး၊ တောအုပ်ကြီး(၅)ဦးနှင့် ပုံဆွဲ-၄ (၁)ဦး စုစုပေါင်း သင်တန်းသား (၇)ဦးတက်ရောက်ခဲ့ပြီး QGIS Software အသုံးပြု၍  Basic Data Handling, Basic Raster Analysis & Geostatistics, Managaing Spatial Data, Identifying Meaningful Maps for Decision Making နှင့် Preparing and Reading Maps ဘာသာရပ်များပို့ချခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါသင်တန်းဖွင့်လှစ်ပို့ချခြင်းဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဝန်ထမ်း များအနေဖြင့် QGIS Software အား ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း၊ မြေပြင်အချက်အလက် ကိန်းဂဏန်းများအား QGIS Software အသုံးပြု၍ စီမံခန့်ခွဲစိစစ်လေ့လာနိုင်ခြင်း၊ QGIS Software အသုံးပြု၍ လိုအပ်သည့် မြေပုံများ ထုတ်လုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။