03
Apr

International Cooperation

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် အပူပိုင်းဒေသ၏ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ပူးပေါင်းဆောင်ရွက်ခြင်းများလည်း ရှိပါသည်။ ဂျပန်နိုင်ငံမှ အဖွဲ့ အစည်းများ ဖြစ်သည့် ယိုမီယူရီရှင်ဘွန်း သတင်းစာအဖွဲ့ (Yomiuri Shimbun)၊ ဂျပန် အပြည်ပြည်ဆိုင်ရာ သစ်တောကဏ္ဍ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Japan International Forestry Promotion & Cooperation Organization – JIFPRO)၊ Organization for Industrial Spiritual Cultural Advancement International – OISCA International၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) တို့နှင့်လည်း​ကောင်း၊ ကိုးရီးယားသမ္မတနိုင်ငံမှ ကိုးရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperational Agency – KOICA)  နှင့်လည်းကောင်း ပူးပေါင်း၍ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ အား စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ခဲ့ပါသည်။