08
May

မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း ဆက်လက်ဆောင်ရွက်

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခြောက်သွေ့ကာ လနွေရာသီ၌      သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း အစီအစဉ်ဆက်လက် ဆောင်ရွက်ရာ ၇-၅-၂၀၂၄ ရက်နေ့တွင် သရက်ခရိုင်၊   မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ ညောင်ပင် ကျင်းကျေးရွာရှိ အိမ်ထောင်စု (၁၉၆)စု၊ လူဦးရေ(၆၂၉)ဦး အတွက် မင်းလှမြို့နယ် မြို့နယ်တာ၀န်ခံ နှင့်ဝန်ထမ်းများမှ မီးသတ်ရေသယ်ယာဥ်ဖြင့် စုစုပေါင်းရေဂါလံ (၁၆၀၀) ကို လည်းကောင်း၊   မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်ကျေးရွာအုပ်စု၊ ပိတောက်ငုတ်ကျေးရွာရှိ အိမ်ထောင်စု (၃၃ဝ) စုအတွက် ဦးစီးအရာ ရှိနှင့် ဝန်ထမ်းများမှ ဌာနရေသယ်ယာဥ်ဖြင့် စုစုပေါင်းရေဂါလံ (၃၆၀၀) တို့အား လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။