10
Oct

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန တတိယအဆင့်အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်(၁) ဌာနခွဲစာရေးနှင့် စာရင်းကိုင်(၂)ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနား

နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု ( Third Wave ) လုပ်ငန်းစဉ်(၁)ကိုအကောင်အထည်ဖော် ဆောင်ရွက်မှုအဖြစ် ဌာနခွဲစာရေးနှင့်စာရင်းကိုင်(၂) ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ ပုသိမ်ကြီးမြို့၌ အောက်တိုဘာလ(၄)ရက်နေ့ မှ(၅)ရက်နေ့အထိ(၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရှိရသည် ။          အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၃)ရက်နေ့ ညနေ(၄:၃၀)နာရီတွင် ကျင်းပ ခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ ဦးစီးရုံးချုပ်အရာထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်များမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းသားများ စုစုပေါင်း(၉၇)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့သင်တန်းသား အဖြစ် ဦးစီးရုံးချုပ်နှင့် စစ်ကိုင်း၊မကွေး၊ မန္တလေးတိုင်းဒေသကြီးများရှိ ခရိုင် (၁၃) ခရိုင်နှင့် မြို့နယ်(၅၄)မြို့နယ်မှ ဌာနခွဲစာရေးနှင့် စာရင်းကိုင် (၂) ဝန်ထမ်း (၄၂) ဦး တက်ရောက်ခဲ့ပြီး ဌာနခွဲ စာရေးနှင့်စာရင်းကိုင်(၂)ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို သိရှိပြီး ခေတ်နှင့်လိုက်လျောညီထွေ စိတ်ဓါတ်ပါပြောင်းလဲလိုက်ပါလုပ်ဆောင်ရေး၊အမှုထမ်းတစ်ဦး ချင်းစီ၏ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်ယူတတ်မှု၊ တာဝန်သိတတ်မှု၊ တာဝန်ခံတတ်မှုများ ပိုမိုမြင့်မားလာစေရန်နှင့် မိမိတာဝန်ဝတ္တရားများကို  ကြိုးစားလုပ်ကိုင်တတ် ရေး ၊ Mind-Set နှင့် လုပ်နည်းလုပ်ဟန်ပြောင်းလဲပြီး လုပ်ငန်းများကို လျှင်မြန်ထိရောက်စွာဖြင့် စွမ်းဆောင်ရည်ရှိစွာ လုပ်ကိုင်တတ်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ ပါသည် ။