03
Jun

တောင်တန်းများ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ခြင်း

 မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ရာတွင် တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်လာစေရန် စစ်ကိုင်းတိုင်းဒေသကြီးမှ တောင်တန်း ၃ ခု၊ မကွေးတိုင်းဒေသကြီးမှ တောင်တန်းခုနှင့် မန္တလေးတိုင်းဒေသကြီးမှ တောင်တန်း ၈ ခု၊ စုစုပေါင်း တောင်စဉ်တောင်တန်း ၁၇ ခုတို့တွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း နှင့် သဘာဝတော ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက် ရှိပါသည်

(၁) ပူပြင်းခြောက်သွေ့၍ မိုးခေါင်ရေရှားသည့် အပူပိုင်းဒေသအတွင်း သဘာဝ ပေါက်ပင်များ အသင့်အတင့် ကျန်ရှိနေသော ဒေသများ ပြန်လည် စိမ်းလန်း စိုပြည်လာစေရန်

(၂) ပတ်ဝန်းကျင်ဒေသများ ရာသီဥတု မျှတစေပြီး ပူအိုက် ခြောက်သွေ့ ခြင်းမှ လျော့ပါးသက်သာစေရန်

(၃) တောင်ခေါင်းတုံးများတွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းဖြင့် တောနှင့် တောင်များ ပြန်လည် လှပလာစေရန်

(၄) တောရိုင်းတိရစ္ဆာန်နှင့် ကျေးငှက် မျိုးစုံတို့ လွတ်လပ်စွာ ကျက်စား နေထိုင်စေပြီး သဘာဝဝန်းကျင်အား ပိုမို လှပအောင် ထိန်းသိမ်း ကာကွယ်ရန်

(၅) တောနှင့် တောင်တို့၏ သဘာဝရှုမျှော်ခင်းများကို ကမ္ဘာလှည့် ခရီးသည်များ ရှုမြင် ခံစားနိုင်စေရန်

လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု