21
Jul

တတိယအဆင့်အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ် (၁) အဖြစ် လက်ထောက်ညွှန်ကြားရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် (၁) ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအဖြစ် လက်ထောက်ညွှန်ကြားရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၊ ပုသိမ်ကြီးမြို့၌ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈:၀၀ နာရီတွင် ကျင်းပခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ်မှ အရာထမ်းများ၊ တိုင်းဒေသကြီးနှင့် ခရိုင်များမှ လက်ထောက်ညွှန်ကြားရေးမှူးများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသားများအဖြစ် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများရှိ ခရိုင် ၁၃ ခရိုင်မှ ခရိုင် တာဝန်ခံများ အပါအဝင် လက်ထောက်ညွှန်ကြားရေးမှူး ၁၅ ဦး တက်ရောက်ခဲ့ပြီး အရာထမ်းများ အနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို သိရှိပြီး ခေတ်နှင့် လိုက်လျောညီထွေ စိတ်ဓါတ်ပါ ပြောင်းလဲ လိုက်ပါလုပ်ဆောင်ရေး၊ အရာထမ်း တစ်ဦးချင်းစီ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်ယူတတ်မှု၊ တာဝန်သိတတ်မှု၊ တာဝန်ခံတတ်မှုများ ပိုမို မြင့်မားလာစေရန်နှင့် မိမိ တာဝန်ဝတ္တရားများကို ကြိုးစား လုပ်ကိုင်တတ်ရေး၊ လုပ်ငန်းများကို လျှင်မြန် ထိရောက်စွာဖြင့် စွမ်းဆောင်ရည်ရှိစွာ လုပ်ကိုင်တတ်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။