07
Aug

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး(၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် ၂၀၁၇ ခုနှစ်၊ ဦးစီးရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)အား ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရှိ ဦးစီးအရာရှိအဆင့် အရာထမ်းများအနက် ဦးစီးရုံးချုပ်မှ ဦးစီးအရာရှိ သင်တန်းသား(၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဦးစီးအရာရှိ သင်တန်းသား(၄)ဦး၊ မကွေးတိုင်းဒေသကြီးမှ ဦးစီးအရာရှိ သင်တန်းသား(၄)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ဦးစီးအရာရှိ သင်တန်းသား(၃)ဦး၊ စုစုပေါင်း(၁၃)ဦး တက်ရောက်ပါသည်။ သင်တန်း ကာလမှာ (၇-၈-၂၀၁၇)ရက်နေ့မှ (၁၁-၈-၂၀၁၆) ရက်နေ့အထိ (၅)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ၊ ဖွဲ့စည်းပုံနှင့် ဦးစီးအရာရှိ တာဝန်ဝတ္တရားများ၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိမ်းခြင်း၊ e-Government လုပ်ငန်းများဆောင်ရွက်မှုနှင့် ရုံးလုပ်ငန်းများ Software အသုံးပြုခြင်း၊ သစ်တောစိုက်ခင်းလုပ်ငန်း သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ၊ ထင်းအစားအခြားလောင်စာနှင့် ရေရရှိရေးလုပ်ငန်း ဘာသာရပ်များအား ဆွေးနွေးသင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။