14
Feb

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ကြီး မြို့၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မှ (၁၆)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက် (၈:၀၀)နာရီတွင် ဖွင့်လှစ်ခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)/ ကျွမ်းကျင်၊ ဦးစီးရုံးချုပ် ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက် ညွှန်ကြား ရေးမှူးများနှင့် မြို့နယ်ဦးစီးအရာရှိများ စုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ပါသည်။

 

သုံးရက်ကြာကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စ.ထ.ထ.ရ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စ.ထ.ထ.ရ လုပ်ငန်းစဉ်များအား ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ပြုခဲ့ပြီး၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ ညနေ (၂၀:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။