11
Feb

သစ်တောစိုက်ခင်းများ တည်ထောင်ဆောင်ရွက်ခြင်း (စ)

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး နယ်မြေရှိ သဘာဝတောများသည် သစ်တောထွက်ပစ္စည်း ထုတ်ယူသုံးစွဲမှု လွန်ကဲခြင်း၊ လူဦးရေ တိုးတက်မှုကြောင့် နေအိမ် အဆောက်အအုံများနှင့် စိုက်ပျိုးမြေများ တိုးချဲ့ခြင်းနှင့် မွေးမြူရေး လုပ်ငန်းများကြောင့် နှစ်စဉ် ပျက်သုန်းလျှက် ရadfadfa
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသည် သင့်လျော်သည့် ပြည်တွင်း ပြည်ပမှ သစ်မျိုးများကို အသုံးပြုကာ သစ်တောများ ပျက်စီး ပြုန်းတီးလျက်ရှိသည့် နေရာများတွင် စိမ်းလန်းစိုပြည်ရေးနှင့် ဒေသထောက်ပံ့ရေးတို့ကို အထောက်အကူ ပြုစေမည့် သစ်တောစိုက်ခင်းများ တည်ထောင်လျက်ရှိပါသည်။ တည်ထောင်သည့် စိုက်ခင်းအမျိုးအစားများမှာ (၁) ကျေးရွာသုံးစိုက်ခင်း၊(၂) ရေဝေရေလဲစိုက်ခင်း၊(၃) တောင်တန်းစိမ်းလန်းစိုပြည်ရေး စိုက်ခင်း၊ (၄) သုတေသနစိုက်ခင်း နှင့် အခြား (လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး) စိုက်ခင်းတို့ ပါဝင်ပါသည်။

(၁) ကျေးရွာသုံးစိုက်ခင်း

ကျေးရွာသုံးစိုက်ခင်းများကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံပြည်သူများအတွက် သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခြင်း ဖြစ်ပါသည်။ ကျေးရွာသုံး စိုက်ခင်းများကို မြေအသုံးချမှု ပိုမိုအကျိုးရှိနိုင်မည့် အခြေအနေပေါ် မူတည်ပြီး သာမန် ကျေးရွာသုံးစိုက်ခင်း၊ သီးနှံသစ်တောရောနှောစိုက်ခင်း၊ ဒေသခံပြည်သူ အစု အဖွဲ့ပိုင်စိုက်ခင်း ဟူ၍ အမျိုးအစား ခွဲခြားသတ်မှတ် တည်ထောင် ဆောင်ရွက် ပါသည်။ စိုက်ခင်းတည်ထောင်ရာတွင် ရာသီဥတုဒဏ် ခံနိုင်ရည် ရှိပြီး အကြီးမြန်ခြင်း၊ ငုတ်တက် ထွက်အား ကောင်းသော သစ်မျိုးများ ဖြစ်သည့် ဘောစကိုင်း၊ ယကလစ်၊ မယ်ဇလီ၊ အော်ရီရှား၊ ရှား၊ တမာ၊ မြန်မာကုက္ကို စသည့်သစ်မျိုးများကို ရွေးချယ်၍ တစ်ဧက စိုက်ပင် ၃၀၀ နှုန်းဖြင့် စိုက်ပျိုး ပါသည်။

(၂) ရေဝေရေလဲ စိုက်ခင်း

ရေဝေရေလဲစိုက်ခင်းများမှာ စိမ်းလန်းစိုပြည်ရန် မြေဆီလွှာ တိုက် စားမှု ကာကွယ်ရန် မြစ်၊ ချောင်း၊ တာတမံနှင့် ဆည်များတွင် ရေကောင်း ရေသန့်များ အစဉ်အမြဲ လုံလောက်စွာ ရရှိစေရန်နှင့် ရာသီဥတု ကောင်းမွန် မျှတစေရန်တို့အတွက် ရည်ရွယ်၍ စိုက်ပျိုးသော သစ်တောစိုက်ခင်းများ ဖြစ်ပါသည်။ ရေဝေရေလဲစိုက်ခင်းများ ထူထောင်ရန်အတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ပင်နှင့် တစ်ပင် အကွာအဝေး ၁၅’ × ၁၅’ သတ်မှတ်၍ တစ်ဧကစိုက်ပင် ၂၀၀ နှုန်းဖြင့်စိုက်ပျိုးပါသည်။

(၃) တောင်တန်းစိမ်းလန်းစိုပြည်ရေးစိုက်ခင်း

အပူပိုင်းဒေသအတွင်းရှိ စိမ်းလန်းစိုပြည်ရန် အထူးလိုအပ်နေသော တောင်ကုန်း တောင်တန်းဒေသများတွင် တောင်တန်း စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများကို စိုက်ပျိုးပါသည်။ အပူပိုင်းဒေသ အတွင်းရှိ တောင်တန်း များမှာ အပေါ်ယံမြေလွှာ ပျက်စီးနေပြီး သစ်တောများ ပြန်လည်စိုက်ပျိုးရန် ခက်ခဲသော ဒေသများ ဖြစ်သဖြင့် တောင်တန်း တစ်ခုချင်းအလိုက် အထူး အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တောင်တန်းစိုက်ခင်းများကို တစ်ဧကလျှင် စိုက်ပျိုးပင် ၁၀၀ မှ ၂၀၀ အထိ နေရာဒေသကို လိုက်၍ စိုက်ပျိုး ပါသည်။
တောင်တန်းဒေသ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများတွင် ဆိုးရွား သည့် ရာသီဥတုနှင့်မြေ အမျိုးအစားတွင် ပေါက်ရောက်နိုင်ခြင်း၊ ကြီးထွားမှု မြန်ခြင်း၊ အမြစ်ပွားခြင်းမှ ဖြစ်စေ၊ သစ်စေ့မှ ဖြစ်စေ မျိုးပွားရန် လွယ်ကူခြင်း စသည့် အရည်အသွေးများဖြင့် ပြည့်စုံသော သစ်မျိုးများ ဖြစ်သည့် ကန္တာစိမ်း၊ ဆူးဖြူ၊ ရှား၊ ဒဟတ်၊ ထနောင်း၊ တမာ၊ ဘောစကိုင်း စသည့်သစ်မျိုးများကို စိုက်ပျိုးပါသည်။

(၄) သုတေသနစိုက်ခင်း

အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ကျေးရွာနေ ပြည်သူ လူထုအတွက် လိုအပ်သော သစ်တောထွက်ပစ္စည်းများ ရရှိနိုင်ရေးအတွက် သစ်တောစိုက်ခင်းများ ထူတောင်ရာတွင် စိုက်ခင်းလုပ်ငန်းများ ပိုမို တိုးတက် အောင်မြင်မှု ရရှိစေရန် သုတေသနစိုက်ခင်းများကိုလည်း တည်ထောင်ရပါ သည်။ နေရာဒေသနှင့် ကိုက်ညီမည့် သစ်မျိုးများရွေးချယ်ခြင်း ပိုမို ကောင်း မွန်သော မြေပြုပြင်ခြင်း လုပ်ငန်းများ ဖော်ထုတ်ခြင်း၊ သစ်တော ပြုစု စိုက်ပျိုးသည့် နည်းစနစ် အသစ်များ ရှာဖွေခြင်း စသည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သုတေသနစိုက်ခင်းများ တည်ထောင်ခြင်း ဖြစ်ပါသည်။

(၅) အခြား (လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး) စိုက်ခင်း

အခြားစိုက်ခင်း အမျိုးအစားကို အပူပိုင်းဒေသအတွင်းရှိ မြို့နယ် အသီးသီးတွင် စိမ်းလန်း စိုပြည် သာယာလှပရေးကို ရည်ရွယ်၍ စိုက်ပျိုး ပါသည်။ အခြားစိုက်ခင်းများကို ရုံးဝင်း၊ ကျောင်းဝင်းနှင့် လမ်းဘေး ဝဲယာ တို့တွင် အရိပ်ရ အလှပင်များအဖြစ် စိုက်ပျိုးခြင်းသာမက ကျေးရွာအနီး တစ်အုပ်တစ်မ စိုက်ခင်းများ အနေဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပါသည်။ ပန်းအလှပင်များ၊ အရိပ်ရအပင်များ၊ မယ်ဇလီ၊ စိန်ပန်း၊ ငုစပ်၊ အော်ရီရှား၊ ပင်လယ်ကဗွီး စသည့် သစ်မျိုးများဖြင့် စိုက်ပျိုးလေ့ရှိပြီး စိုက်ပျိုးပင်များ၏ အကွာအဝေးအား နေရာဒေသကို လိုက်၍ (၆’ × ၆’)၊ (၉’×၉’)၊ (၁၂’ × ၁၂’) စသည်ဖြင့် ရွေးချယ် သတ်မှတ်ပါသည်။
လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု

၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အထိ တည်ထောင်ခဲ့သည့် စိုက်ခင်း အမျိုး အစားလိုက်စာရင်း
၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလအထိ လက်ရှိ စိမ်း/စိုထိန်း စိုက်ခင်းအမျိုး အစားအလိုက် စာရင်း(ဧက)
၁၉၉၇-၁၉၉၈မှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ တည်ထောင်ခဲ့သော တိုင်းဒေသကြီးအလိုက် စိုက်ခင်းအမျိုးအစားများစာရင်း(ဧက)
၁၉၉၇-၁၉၉၈ဘဏ္ဍာနှစ်မှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ သစ်တောလွှဲပြီးစာရင်းနှင့် ပယ်ဖျက် စာရင်း ချုပ် (ဧက)
၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အထိသစ်တောလွှဲ/ပယ်ဖျက်နှုတ်ပြီး လက်ရှိ စိမ်း/စို ထိန်းစာရင်း (ဧက) (၃၀-၉-၂၀၁၉)ရက်နေ့အထိ
၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊(၂၀၂၀ ခုနှစ်မိုးရာသီ)တွင် တည်ထောင် စိုက်ပျိုးမည့် စိုက်ခင်း များ၏မြေအသုံးချမှု အခြေအနေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀ ခုနှစ်မိုးရာသီ)တွင် တည်ထောင်မည့် စိုက်ခင်းလျာထားချက် စာရင်းချုပ်
တိုင်းဒေသကြီးအလိုက်၊စိုက်ခင်းအမျိုးအစားအလိုက် စိုက်ပျိုးမည့် သစ်မျိုးစာရင်း
မြေတိုင်း၊ပန္နက်ရိုက်၊ကျင်းတူးခြင်းလုပ်ငန်း (၃၁-၁၂-၂၀၁၉)ရက်နေ့အထိ
မြေအိတ်သွတ်၊ ပျိုးပင်ကူးပြောင်း၊ပျိုးထောင်ခြင်းလုပ်ငန်း(၃၁-၁၂-၂၀၁၉)ရက်နေ့အထိ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀ ခုနှစ်မိုးရာသီ)တွင် တည်ထောင်မည့်စိုက်ခင်းများ၏ မြို့နယ်အလိုက် ကျင်းတူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀ ခုနှစ်၊ မိုးရာသီ)တွင် စိုက်ခင်းများအတွင်း ထည့်သွင်း စိုက်ပျိုးမည့် ဝါး စိုက်ခင်းများစာရင်း
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(၂၀၁၉ ခုနှစ်၊ မိုးရာသီ) မြို့နယ်အလိုက်စိုက်ခင်းများ တည်ထောင် ပြီးစီးမှု
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာများသို့ လွှဲပြောင်းပေးခဲ့သည့် (၅)နှစ် သားအထက် ကျေးရွာသုံးစိုက်ခင်းများမှ သစ်တောထွက်ပစ္စည်းများ ထုတ်ယူ သုံးစွဲမှု အခြေအနေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာများသို့ လွှဲပြောင်းပေးခဲ့သည့် (၅)နှစ် သားအထက် ကျေးရွာသုံးစိုက်ခင်းများမှ သစ်တောထွက်ပစ္စည်းများ ထုတ်ယူ သုံးစွဲမှု အခြေအနေ(၃၁-၁၂-၂၀၁၉)ရက်နေ့ထိ
ကျေးလက်နေပြည်သူများသို့ လွှဲပြောင်းပေးပြီးသော (၅)နှစ်သားအထက် ကျေး ရွာသုံး စိုက်ခင်းဟောင်း မြေနေရာများတွင် ၂၀၂၀ ခုနှစ်၊ မိုးရာသီ စိုက်ခင်းများ အတွင်းစိုက်ခင်း သစ် ပြန်လည် စိုက်ပျိုးမည့်အခြေအနေ