11
Feb

ရေ ရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း (ရ)

ရေကိုထိန်းသိမ်းထားနိုင်သည့် သစ်ပင် သစ်တောများ ရှားပါးမှုကြောင့် ရွာသွန်းသည့် မိုးရေအများစုမှာ မြေအောက်တွင် စိမ့်ဝင် တည်နေနိုင်ခြင်း မရှိဘဲ အတားအဆီးမရှိ စီးဆင်း ပျောက်ကွယ်သွားသည့် အတွက် အပူပိုင်းဒေသများအတွင်း ရေရှားပါးသည့် အခြေအနေကို ကြုံတွေ့ကြရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း စီမံကိန်းလုပ်ငန်း တစ်ရပ်အနေဖြင့် ရေအရင်းအမြစ်များ ဖော်ထုတ်ရေးကို အောက်ဖော်ပြပါ လုပ်ငန်းရပ်များ ဆောင်ရွက်၍ အကောင်အထည်ဖော် လျက် ရှိပါသည် –

(၁) ​ရေကန်ငယ်များ တူးဖော်ခြင်း

ရေရှားပါးမှုအခြေအနေပေါ် မူတည်၍ လူနှင့်တိရစ္ဆာန်များ သောက်သုံး ရန်နှင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူ ပြုစေရန်အတွက် လိုအပ်သည့် နေရာဒေသများတွင် ရေကန်ငယ်များကို တူးဖော်ပေးလျက်ရှိပါသည်။

(၂) နုန်းတားဆည်ငယ်များ တည်ဆောက်ခြင်း

အရေးကြီးသောဆည်များ၏ ရေဝေရေလဲ ဒေသများတွင် ရေ တိုက်စားမှုကြောင့် နုန်းပို့ချမှုကို လျော့နည်းစေရန်နှင့် မြေဆီလွှာ တိုက်စားမှု၊ မြေပြိုမှု မဖြစ်စေရန်အတွက် နုန်းတားဆည်ငယ်များကို တည်ဆောက်ပေးလျက် ရှိပါသည်။

(၃) မြေအောက်ရေတူးဖော်ခြင်း

မြေပေါ်ရေ ရရှိရန် ခက်ခဲသည့် နေရာဒေသများနှင့် မြေအောက်ရေ (အဝီစိတွင်း) တူးဖော် ထုတ်ယူ သုံးစွဲရန် အခြေအနေ ပေးသည့် နေရာဒေသများတွင် မြေအောက်ရေတွင်းများ တူးဖော်ခြင်း ကိုလည်းဆောင်ရွက်လျက် ရှိပါသည်။
လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု

၁၉၉၇-၁၉၉၈ မှ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အထိ ရေကန်ငယ်တူးဖေါ်ခြင်း ဆောင်ရွက်ပြီးစီးမှု (ကန်)
၁၉၉၇-၁၉၉၈ မှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ကျောက်စီနုန်းထိန်းတမံငယ်ပြုလုပ်ခြင်း ဆောင်ရွက်ပြီးစီးမှု (ခု)
၁၉၉၇-၁၉၉၈ မှ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အထိ မြေအောက်ရေ(အဝီစိတွင်း)တူးဖေါ်ခြင်း ဆောင်ရွက်ပြီးစီးမှု (တွင်း)
မိုးရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု (ကန်)
တစ်ဖက်ရပ်ဆည် တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု (ခု)
ပြန်လည်ပြုပြင်တူးဖေါ်ခဲ့သော ရေကန်ဟောင်း(တိမ်ကောရေကန်)များစာရင်း (ကန်)
စိုက်ခင်းအတွင်း ရေကန်ငယ်တူးဖေါ်ခြင်းပြီးစီးမှု (ကန်)
ဂါလံ(၁၀၀)ဆံ့ မိုးရေခံကွန်ကရစ်ကန်ပြုလုပ်ခြင်းပြီးစီးမှု (ကန်)
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းလျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှုစာရင်းချုပ် (၃၁-၁၂-၂၀၁၉) ရက်နေ့ထိ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မြို့နယ်အလိုက် လုပ်ငန်းလျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှု
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အား လိုက်နာဆောင်ရွက်ပြီးစီးမှု
၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း စာရင်းချုပ်