11
Sep

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေး စီမံကိန်း၏ စီမံကိန်းလုပ်ငန်းများအတွက် စောင့်ကြည့်အကဲဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချခြင်

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဝေရေး စီမံကိန်း၏ စီမံကိန်းလုပ်ငန်းများအတွက် စောင့်ကြည့်အကဲဖြတ်ခြင်း သင်တန်းကို ၉-၉-၂၀၁၉ မှ ၁၀-၉-၂၀၁၉ ရက်နေ့အထိ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ဖွင့်လှစ်ပို့ချရာ  ညွှန်ကြားရေးမှူးချုပ်က တက်ရောက်လာသော သင်တန်းသားများကို လမ်းညွှန်အမှာစကား ပြောကြားပါသည်။

သင်တန်းတွင် စီမံကိန်းCPA ခရိုင် (၆)ခရိုင်မှ ခရိုင်တာဝန်ခံများ၊ မြို့နယ် တာဝန်ခံများ၊ မြို့နယ်ကွင်းဆင်း ဝန်ထမ်းများ စုစုပေါင်း (၈၃)ဦးအား (၉-၉-၂၀၁၉)ရက်နေ့မှ (၁၀-၉-၂၀၁၉)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချခဲ့ပါသည်။