“ရုံးဝန်ထမ်းများလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ “ရုံးဝန်ထမ်းများလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)” သင်တန်းဆင်းပွဲအခမ်း အနားကို ၁၃-၀၃-၂၀၂၆ ရက်နေ့ နေ့လယ် ၁၅:၃၀ နာရီ အချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဌာနခွဲ အသီးသီးမှညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ အထူးဖိတ် ကြားထားသော မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် အရာထမ်းများ တတ်ရောက်ခဲ့ကြပြီး သင်တန်းတွင် ပထမဆု ရရှိခဲ့သော အငယ်တန်းစာရေး ဒေါ်ဆွေရီဦး အား ဒုတိယညွှန်ကြားရေးမှူးချူပ်မှ လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော စာရင်းကိုင်-၄ ဒေါ်ခိုင်သင်းဖြူ အား ညွှန်ကြားရေးမှူး (စီမံ)မှ လည်းကောင်း၊ တတိယဆုရရှိခဲ့သော စာရင်းကိုင်-၄ ဒေါ်ကျော့ကေခိုင် အား ဒုတိယညွှန်ကြားရေးမှူး (စီမံကိန်း) မှ လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။





