
အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး၂၀၂၅ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး၂၀၂၅ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ၁၉-၈-၂၀၂၅ ရက်နေ့ နံနက် ၀၇:၃၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူး-ပဒါန်း-အမ်း ကားလမ်း၊ မိုင်တိုင်အမှတ် ၄/၇ အနီးတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့် ဇနီး ဦးဆောင်ပြီး နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်/ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများ နှင့်အရာထမ်း၊ အမှုထမ်းများ၊ တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က အဖွင့်အမှာစကား မြွက်ကြားပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့် ဇနီး တို့က တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၀၀၀)ဦးတို့က သစ်မျိုး (၇)မျိုး၊ သစ်ပင်ပေါင်း (၁၀၀၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ပြိုင်တည်း စိုက်ပျိုးကြပါသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ သည် အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး၂၀၂၅ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက် ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။