08
Aug

ဝါခေါင်လပြည့် “မေတ္တာအခါတော်နေ့” အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် ဥပုသ်သီလဆောက်တည်ခြင်း

ဝါခေါင်လပြည့် “မေတ္တာအခါတော်နေ့”
(၈-၈-၂၀၂၅ ရက်၊ သောကြာနေ့)

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဝန်ထမ်းမိသားစုများ
စုပေါင်း၍ ဝါတွင်းကာလအတွင်း အပတ်စဉ်ဥပုသ်နေ့တိုင်း အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် ဥပုသ်သီလဆောက်တည်ခြင်း ကုသိုလ်များ ဆောင်ရွက်လျက်ရှိရာ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့် “မေတ္တာအခါတော်နေ့” နေ့ထူးနေ့မြတ်အခါသမယ၌ ဝန်ထမ်းမိသားစုများ၏ အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးဝင်းရှိ ဓမ္မာရုံတွင် ဥပုသ်သီလဆောက်တည်ခြင်း ကုသိုလ်မှတ်တမ်းများအား မျှဝေအပ်ပါသည်။