15
Jul

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် “အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပသော သစ်ပင်စိုက်ပျိုးပွဲတော်သို့ တတ်ရောက်၍ တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကြီးမှူးကျင်းပသော “အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်” အား မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် (၂၉) မြို့နယ်အတွင်း ၁၁.၇.၂၀၂၅ ရက်နေ့၊ ၂၀၂၅ ခုနှစ်အတွင်း မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များအား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့ရှိ သတ်မှတ်နေရာများ တွင် တစ်ပြိုင်တည် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ လိန်တောကြိုးပြင်ကာကွယ်တောအတွင်း ကျင်းပပြုလုပ်သော သစ်ပင်စိုက်ပျိုးပွဲတော်သို့ တတ်ရောက်ကာ တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာညွှန့်ဖေ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးရုံးချုပ်မှ အဆင့်မြှင့်အရာရှိကြီးများ၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများ၊ ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ များ ကျောင်းသား/သူများ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၃၂၀၀) ဦးတို့ဖြင့် စုပေါင်း၍ သစ်မျိုး (၇) မျိုး (တမာ၊ စိန်ပန်း၊ ပိတောက်၊ ဒဟတ်၊ ကုက္ကို၊ ယင်းမာ၊ မယ်ဇယ်) ပျိုးပင်ပေါင်း (၃၂၀၀) ပင် အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ပါသည်။