27
Jun

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၇-၆-၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)နာရီ အချိန်တွင် စိန်ပန်းဝါလမ်း၊ မြို့သစ်ရပ်ကွက်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အား ကျင်းပပြုလုပ်ခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/သူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၅၀၀)ဦး တက်ရောက်ပြီး စိန်ပန်းကြီး၊ ခရေ၊ ရေတမာ၊ မယ်ဇယ်၊ ဗန်ဒါ၊ မယ်ဇလီ၊ ကုက္ကိုလ်၊တမာ စသည့် သစ်မျိုး(၈)၊ စုစုပေါင်း (၁၂၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါသည်။