
17
Jun
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
“၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တိုင်းဒေသကြီးအဆင့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲအား (၁၄-၆-၂၀၂၅) ရက်နေ့ နံနက် (၀၈:၃၀) နာရီ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ သူနာပြု သင်တန်းကျောင်းနှင့် အား/ကာသိပ္ပံတို့မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူ စုစုပေါင်း အင်အား (၁၀၀၀) ဦးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်ထောင်စုလမ်းမကြီးလမ်းဘေးဝဲယာတွင် ဒေသသစ်မျိုးများဖြစ်သော တမာ၊ မဲဇလီ၊ ကုက္ကို၊ အုန္နဲ၊ ပဲချယ်ရီ စုစုပေါင်း (၁၇၂၀) ပင် စုပေါင်းစိုက်ပျိုးခဲ့ပါသည်။