ညွှန်ကြားရေးမှူးချုပ်ရုံး၌ တန်ဆောင်မုန်းလပြည့်နေ့ ညခင်းအခါသမယတွင် ဆီမီးများထွန်းညှိခြင်း၊ဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် ကံစမ်းမဲများအား မဲဖောက်ပေးခဲ့ကာ တန်ဆောင်တိုင်ပွဲတော်အား ပျော်ရွှင်စွာဆင်နွဲခဲ့
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ၄-၁၁-၂၀၂၅ ရက်နေ့ တန်ဆောင်တိုင်လပြည့်နေ့၌ ဝန်ထမ်းများစုပေါင်း၍ ဆီမီးများထွန်းညှိခြင်း၊ အလှူရှင်များမှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား အာဟာရဒါန ဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် ကံစမ်းမဲများအား မဲဖောက်ပေးခဲ့ကာ တန်ဆောင်တိုင်ပွဲတော်အား ပျော်ရွှင်စွာဆင်နွဲခဲ့ကြပါသည်။


