အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ၄/၂၀၂၆ကြိမ်မြောက် ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားကျင်းပ
၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၄/၂၀၂၆ ကြိမ်မြောက် ဝန်ထမ်းစုံညီ အစည်းအဝေး (ဒါဘာ) အခမ်းအနားအား၃၀-၀၃-၂၀၂၆ ရက်နေ့ (၁၅:၀၀) မိနစ်အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် သက်ဆိုင်ရာ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တတ်ရောက်ခဲ့ကြ ပါသည်။
ဝန်ထမ်းစုံညီအစည်းအဝေးအား အစီအစဉ် (၁၀) ရပ်ဖြင့် ကျင်းပခဲ့ရာ ဦးစီးရုံးချုပ် စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး (စီမံ) မှ မီးဘေးကာကွယ်ရေးနှင့် မီးသတ်ရေငုတ်များသွယ်တန်းထားရှိမှုအား power point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဌာနခွဲအသီးသီးရှိ ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။





