
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ၇/၂၀၂၅ ဝန်ထမ်းစုံညီအစည်းအဝေးပွဲအခမ်းအနားကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၏ ၇/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားအား ၂၁-၇-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ဦးစီးရုံးချုပ်ရှိ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဝန်ထမ်းစုံညီအစည်းအဝေး(ဒါဘာ)အား အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပခဲ့ရာ ဦးစီးရုံးချုပ် ဌာနခွဲအသီးသီးရှိ ဝန်ထမ်းများမှလိုအပ်ချက်များအား အသီးသီးတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။