21
Jul

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ “ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၂၅-၂၀၂၆)” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၁၆-၇-၂၀၂၅ ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် “ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၂၅-၂၀၂၆)” ကို ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိ ယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ အထူးဖိတ်ကြားထားသော မန္တလေးတိုင်းဒေသကြီး သစ် တောဦးစီးဌာနမှ အရာထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တတ်ရောက်ခဲ့ကြပါသည်။