19
Jan

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် –  ၁/၂၀၂၆

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း    ၂    ရက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ   ၁၉   ရက်

၁။                သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ် ရာထူးအမည် လစာနှုန်း(ကျပ်) ခန့်ထားမည့် အရေအတွက်
အငယ်တန်းစာရေး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀
ယာဉ်မောင်း(၅) ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀
ရုံးအကူ ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀
စုစုပေါင်း

၂။                လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်၊

(ခ)    အငယ်တန်းစာရေး ရာထူးနေရာများအတွက် လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်ပြီး ၃၁-၁၂-၂၀၂၅ ရက်နေ့တွင် အသက် (၃၀) နှစ်ထက် မကြီးသူ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကြီးသူ) ဖြစ်ရမည်၊

(ဂ)    ယာဉ်မောင်း(၅) ရာထူးနေရာအတွက် လျှောက်ထားလိုသူများသည် အခြေခံ ပညာအလယ်တန်းအောင်မြင်ပြီးသူဖြစ်၍ ၃၁-၁၂-၂၀၂၅ ရက်နေ့တွင် အသက် ၃၅ နှစ်ထက် မကြီးသူ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်ထက် မကြီးသူ) အမျိုးသား ဖြစ်ရမည်၊

                     (ဃ)     ရုံးအကူရာထူး  နေရာအတွက်   လျှောက်ထားလိုသူများသည်  အခြေခံ ပညာအလယ်တန်းအောင်မြင်ပြီးသူဖြစ်၍  ၃၁-၁၂-၂၀၂၅ ရက်နေ့တွင်  အသက် (၃၀)   နှစ်ထက်   မကြီးသူ   (နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အသက်(၃၅) နှစ်နှင့် အထက် မကြီးသူ) ဖြစ်ရမည်၊

  • (င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်၊

(စ)   ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပါက အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊

(ဆ)  နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊

(ဇ)    အစိုးရဌာန တစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)၊ ရာထူး မှ ထုတ်ပယ်ခြင်း (Removal)ခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။                လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထား များ ပူးတွဲ၍ ပေးပို့လျှောက်ထားရမည်-

(က)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(ခ)   ပြင်ပမှ အလုပ်လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင် (ပုံစံ-၂) မိတ္တူမှန်၊

(ဂ)    လျှောက်လွှာပိတ်ရက်မတိုင်မီ (၁) လအတွင်း ရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၃) ပုံ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်အသား ဖော်ပြရန်)၊

(ဃ)    သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တ ကောင်း မွန်ကြောင်း ထောက်ခံစာမူရင်း၊

(င)    ပညာအရည်အချင်းထောက်ခံချက် မိတ္တူမှန်၊ (လူတွေ့စစ်ဆေးခံယူမည့် အချိန်တွင် တိုက်ဆိုင်စစ်ဆေးရန် အထောက်အထား (မူရင်း) များ တစ်ပါ တည်း ယူဆောင်လာရန်ဖြစ်သည်)

(စ)     ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ဌာနဆိုင်ရာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် (မူရင်း၊ မိတ္တူ)၊

(ဆ)    အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊

(ဇ)     ဒေသန္တရကျန်းမာရေးအဖွဲ့၏ ကျန်းမာကြောင်းထောက်ခံချက်မူရင်း။

၄။                လျှောက်လွှာများကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်လိပ်စာ dzgd.adm.sev@gmail.com သို့ Online စနစ်ဖြင့်ဖြစ်စေ ၃၀-၁-၂၀၂၆ ရက်နေ့နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်သည်၊ သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများ၊ စာရွက်စာတမ်း အချက်အလက်များ၊ မပြည့်စုံသည့် လျှောက်လွှာများနှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် လျှောက်လွှာများကို (လုံးဝ) ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၅။                ရေးဖြေအရည်အချင်းစစ်စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ရေးဖြေဖြေဆိုခွင့် ရရှိသူစာရင်းနှင့် ရေးဖြေဖြေဆိုမည့်ရက်အား သီးခြား အကြောင်းကြား မည် ဖြစ်ပါသည်။

၆။                ရာထူးအလိုက် အရည်အချင်းသတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လျှောက်ထားရမည့် လိပ်စာများအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ Website https://  www.dryzonegreening.gov.mm နှင့် Facebook Page Dry Zone Greening Department-DZGD တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၇။                စုံစမ်းမေးမြန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်-

ညွှန်ကြားရေးမှူးချုပ်ရုံး         – 09-420017035၊ 09-၄၀၀၃၁၇၇၄၈

(စီမံခန့်ခွဲရေးဌာန)

 

 

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [115.43 KB]

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [113.31 KB]