27
Jun

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မှ (၂၇-၆-၂၀၂၅) ရက်နေ့နံနက်(၈:၀၀)နာရီအချိန်တွင် ရွှေဘိုတက္ကသိုလ်ဝင်းအတွင်း ခရိုင်အဆင့်သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ရွှေဘိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့မှ အရာရှိများ၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ ကျောင်းသား/သူများ၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၃၁၅) ဦး တတ်ရောက်ခဲ့ကြပြီး ဒဟတ်၊ မြန်မာကုက္ကို၊ ပိတောက်၊ ပင်လယ်ကဗွီး သစ်မျိုး (၄) မျိုး၊ စုစုပေါင်း (၁၀၀၀) ပင် စုပေါင်း စိုက်ပျိုးခဲ့ပါသည်။