အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ၂/၂၀၂၆ကြိမ်မြောက် ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားကျင်းပ



သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂/၂၀၂၆ ကြိမ်မြောက် ဝန်ထမ်းစုံညီ အစည်းအဝေး (ဒါဘာ) အခမ်းအနားအား၂၇-၁-၂၀၂၆ ရက်နေ့ (၁၅:၀၀) မိနစ်အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် သက်ဆိုင်ရာ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တတ်ရောက်ခဲ့ကြ ပါသည်။
ဝန်ထမ်းစုံညီအစည်းအဝေးအား အစီအစဉ် (၁၀) ရပ်ဖြင့် ကျင်းပခဲ့ရာ ဦးစီးရုံးချုပ် စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး (စီမံ) မှ ၁/၂၀၂၆ ကြိမ်မြောက် ဝန်ထမ်းစုံညီအစည်းအဝေးဆုံးဖြတ်ချက်များနှင့်လိုက်နာဆောင်ရွက်ပြီးစီးမှုများ၊ ညွှန်ကြားရေးမှူးချုပ်ရုံးဝင်းအတွင်း ၂၄-၁-၂၀၂၆ ရက်နေ့၌ ဝန်ထမ်းနေအိမ်ပတ်ဝန်းကျင်များတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား power point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဌာနခွဲအသီးသီးရှိ ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။




