ADB- GEF စီမံကိန်း

  • Home
  • /
  • ADB- GEF စီမံကိန်း

ADB- GEF စီမံကိန်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန နှင့် Asian Development Bank (ADB) တို့ ပူးပေါင်း၍ “အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသ တွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်း – Rural Productivity and Ecosystems Services Enhanced in Central Dry Zone Forest Reserves” ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင် မြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ မယ်ညိုတောင်ကြိုးဝိုင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ (၂၄) ရွာတွင် ၂၀၁၈ ခုနှစ် မှ ၂၀၂၂ ခုနှစ် အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းမှာ Global Environment Facility (GEF) ဖြစ်ပြီး ထောက်ပံ့မှု (ရန်ပုံငွေ) မှာ အမေရိကန်ဒေါ်လာ (၄.၇၉) သန်း ဖြစ်ပါသည်။ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းအတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် Asian Development Bank (ADB) တို့အကြား တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း (Record of Discussion) အပေါ် လက်မှတ် ရေး ထိုးခြင်းကို (၁၃-၂-၂၀၁၈) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
စီမံကိန်းတွင် အောက်ဖော်ပြပါအတိုင်း လုပ်ငန်းစဉ် (၃၂) ခု ရှိပြီး ဖော်ပြပါလုပ်ငန်းစဉ်များ အား ဦးစီးဌာနနှင့် စီမံကိန်းတွင် ခေါ်ယူငှားရမ်းထားရှိသည့် ကျွမ်းကျင်သူများအဖွဲ့ (Consultant Firm) တို့က အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-

စဉ် လုပ်ငန်းစဉ်အမည် အကောင်အထည်ဖော် ဆောင်ရွက်သည့် အဖွဲ့အစည်း
ဧက/အပင်
ကဏ္ဍ/မျော်မှန်းရလဒ် (၁)၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းစဉ်များ

Output 1: Improved soil and water conservation practices in Central Dry Zone (CDZ) demonstration area

၁.၁ သောက်သုံးရေ ရရှိသုံးစွဲမှုအခြေအနေအား လေ့လာခြင်း

(Water balance study using IWMI Water Accounting)

ကျွမ်းကျင်သူများအဖွဲ့
၁.၂ မြေဆီလွှာအခြေအနေနှင့် မြေဆီလွှာတိုက်စားမှုအခြေအနေများအား လေ့လာ ဖော်ထုတ်ခြင်း

(Community led mapping of soil health and soil erosion status)

ကျွမ်းကျင်သူများအဖွဲ့
၁.၃ သင်တန်းဒီဇိုင်းရေးဆွဲခြင်း

(Customize/design training and capacity building packages)

ကျွမ်းကျင်သူများအဖွဲ့
၁.၄ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး နည်းစနစ်များအား နမူနာအဖြစ် လက်တွေ့ ကျင့်သုံးပြသခြင်း

(Develop demonstrations of good agricultural practices, remedial soil and water conservation approaches in and around Mae Nyo Taung Forest Reserve)

အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန နှင့် ကျွမ်းကျင်သူများအဖွဲ့
၁.၅ တိုးမြှင့်ဆောင်ရွက်သွားသင့်သည့် နည်းပညာနှင့် ရင်းနှီးမြှပ်နှံမှုနည်းလမ်း တို့အား ဖော်ထုတ်ခြင်း

(Identify/refine approaches, technologies and investments with potential for replication and scaling up)

ကျွမ်းကျင်သူများအဖွဲ့
ကဏ္ဍ/မျော်မှန်းရလဒ် (၂)၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများအား စီမံအုပ်ချုပ်ခြင်းလုပ်ငန်းစဉ် များကို သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းများတွင် ထည့်သွင်းခြင်းလုပ်ငန်းစဉ်များ

Output 2: Biodiversity and ecosystems management mainstreamed into forest management planning

၂.၁ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများအပေါ် သုံးသပ်ခြင်း

(Review of protected area gap analysis and actions taken)

ကျွမ်းကျင်သူများအဖွဲ့
၂.၂ အရေးပါသည့် ဇီဝမျိုးစုံးမျိုးကွဲများ တည်ရှိရာနေရာများအား ထိန်းသိမ်းခြင်း ဆိုင်ရာ သင်တန်းဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

(Participatory design and implementation of KBA training for relevant stakeholders)

ကျွမ်းကျင်သူများအဖွဲ့
၂.၃ အရေးပါသည့် ဇီဝမျိုးစုံးမျိုးကွဲများ တည်ရှိရာနေရာတစ်နေရာတွင် သက်ဆိုင် ရာ အရေးပါသည့်ဇီဝမျိုးစုံမျိုးကွဲအပေါ် စိစစ်အကဲဖြတ်ခြင်း

(Conduct of key biodiversity assessment for at least one identified high value conservation site)

ကျွမ်းကျင်သူများအဖွဲ့
၂.၄ ဇီဝမျိုးစုံမျိုးကွဲများအား ရေရှည်ထိန်းသိမ်းထုတ်ယူသုံးစွဲနိုင်ရေး စွမ်းဆောင် ရည်မြင့့််မားရေးသင်တန်းနှင့် ထိန်းသိမ်းရေးနည်းစနစ်များ ရေးဆွဲပြုစုခြင်း

(Participatory design and delivery of capacity building tools and methods for sustainable use and conservation of biodiversity in dry land ecosystems)

ကျွမ်းကျင်သူများအဖွဲ့
၂.၅ သဘာဝထိန်းသိမ်းရေးနယ်မြေများစီမံအုပ်ချုပ်မှု နှင့် ခရိုင်သစ်တောစီမံအုပ်မှု တို့အား ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအား သစ်တောခရိုင် အနည်းဆုံး (၅) ခုတွင် ကျင်းပခြင်း

(Workshop on integrating PA (Protected Area) management with forest management planning for at least 5 districts)

ကျွမ်းကျင်သူများအဖွဲ့
၂.၆ Stakeholder များ ၎င်းတို့၏ နေ့စဉ်ပြုမူ ဆောင်ရွက်မှုများ နည်းလမ်းမှန်စွာ ပြုမူ ဆောင်ရွက်လာစေရေးအတွက် ပညာပေးအစီအစဉ်များ ရေးဆွဲ ဆောင်ရွက်ခြင်း

(Design and implementation of behavior change communications (BCC) and campaigns)

ကျွမ်းကျင်သူများအဖွဲ့
ကဏ္ဍ/မျော်မှန်းရလဒ် (၃)၊ သစ်တောဂေဟစနစ်များ ပြန်လည်ထူထောင်ခြင်း နှင့် စီမံအုပ်ချုပ်ခြင်းနှင့် (အပူပိုင်း ဇုန်အတွင်း စီမံကိန်းလုပ်ငန်းများ) တိုးမြှင့်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များ

Output 3: Forest ecosystems rehabilitation and management scale up

၃.၁ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၏ မြေအသုံးချမှုဆိုင်ရာ Profile များ ပြုလုပ်ခြင်း

(Preparation of detailed profiles of reserved forests and protected public forests)

ကျွမ်းကျင်သူများအဖွဲ့
၃.၂ သစ်တောစိုက်ခင်း (၅၅၀) ဟက်တာ တည်ထောင်ခြင်း

(Afforestation of 550 ha in Mae Nyo Taung Forest Reserves)

အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန
၃.၃ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း (ဓမ္မတာမျိုးဆက်ခြင်း) (၁၂၀၀) ဟက်တာ ဆောင်ရွက်ခြင်း

(Assisted natural regeneration across 1,200 ha in Mae Nyo Taung Forest Reserve)

အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန
၃.၄ သင်တန်း နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များအတွက် တိုးမြှင့် ဆောင်ရွက်ရေး ဒီဇိုင်းရေးဆွဲခြင်း

(Finalize design of training and capacity development packages for scaling up areas)

ကျွမ်းကျင်သူများအဖွဲ့
၃.၅ တိုးမြှင့်ဆောင်ရွက်မည့် သင်တန်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ် များအား တိုးမြှင့်ဆောင်ရွက်မည့် နေရာဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

(Training and capacity building in IS/WM, SFM, CC, Biodiversity etc. for targeted stakeholders in scaling up areas)

ကျွမ်းကျင်သူများအဖွဲ့
၃.၆ ရေသိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းများတွင် အသေးစားရင်းနှီးမြှုပ်နှံမှုများပြုရေး လေ့လာ ဆန်းစစ်မှုများပြုခြင်းနှင့် အသေစားရင်းနှီးမြှပ်နှံမှုများ ပြုလုပ်စမ်းသပ်ခြင်း

(Technical and financial feasibility studies followed by small scale investments in water storage and supply infrastructure)

ကျွမ်းကျင်သူများအဖွဲ့
၃.၇ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် စိုက်ပျိုးနည်းစနစ်များတွင် အသေးစား ရင်းနှီးမြှပ်နှံမှုများပြုရေး ရှေ့ပြေးလေ့လာ ဆန်းစစ်မှုများပြုခြင်း နှင့် အသေးစားရင်းနှီးမြှပ်နှံမှုများ ပြုလုပ်စမ်းသပ်ခြင်း

(Technical and financial feasibility studies followed by small scale investments in climate smart agriculture)

ကျွမ်းကျင်သူများအဖွဲ့
၃.၈ သစ်တောမြေတစ်ခု၏ ဂေဟစနစ်ဝန်ဆောင်မှုများအား လေ့လာဆန်းစစ်ခြင်း

(Ecosystem services assessment conducted at candidate site)

ကျွမ်းကျင်သူများအဖွဲ့
၃.၉ သစ်တောဂေဟစနစ်ဝန်ဆောင်မှုများအတွက် အခကြေးငွေ သတ်မှတ်ပေးချေ ခြင်းစနစ်တစ်ခုအား ဖော်ထုတ်ခြင်းနှင့် လက်တွေ့စမ်းသပ်ကျင့်သုံးခြင်း

(Payment for forest ecosystems services developed and operationalized at candidate site)

ကျွမ်းကျင်သူများအဖွဲ့
၃.၁၀ သိမှတ်လိုက်နာဖွယ်ရာများ/အစီရင်ခံစာများအား မျှဝေခြင်း

(Develop and disseminate knowledge products (execute knowledge management approach))

ကျွမ်းကျင်သူများအဖွဲ့
၃.၁၁ စီမံကိန်းတွင်ဖော်ထုတ်ကျင်သုံးခဲ့သည့် နည်းစနစ်များအား တိုးမြှင့်ဆောင်ရွက် ခြင်းအတွက် လိုအပ်မည့် ရံပုံငွေများလျှောက်ထားနိုင်ရေး စီမံကိန်းများ ပြုစုရေးဆွဲခြင်း

(Packaging of bankable investment projects for additional financing to scale up innovative technologies)

ကျွမ်းကျင်သူများအဖွဲ့
ကဏ္ဍ/မျော်မှန်းရလဒ် (၄)၊ မူဝါဒနှင့် အချက်အလက်အရင်းအမြစ်များအား စီမံခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းစဉ်များ

Output 4: Policy and knowledge management capacity strengthened

၄.၁ ရေ/မြေအသုံးချမှုများနှင့် စပ်လျဉ်းသည့် မူဝါဒများနှင့် အထောက်အပံ့ပေး မှုများဆိုင်ရာ ဥပဒေများအား လေ့လာဆန်းစစ်ခြင်း

(Policy studies on land use law, water use law and subsidiary legislation)

ကျွမ်းကျင်သူများအဖွဲ့
၄.၂ (လေ့လာဆန်းစစ်သည့် မူဝါဒနှင့် ဥပဒေများနှင့်စပ်လျဉ်း၍) တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် Stakeholder များဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း

(Multi-stakeholder township, district and regional level policy workshop)

ကျွမ်းကျင်သူများအဖွဲ့
၄.၃ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းများ၏ နောက်ခံတွန်းအားများအပေါ် UN-REDD Program ၏ လေ့လာ ဆန်းစစ် ထားရှိမှုအပေါ် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

(Workshop on UN-REDD Program analysis of the drivers of deforestation and forest degradation)

ကျွမ်းကျင်သူများအဖွဲ့
၄.၄ ဖန်လုံအိမ်ဓါတ်ငွေ့တိုင်းတာခြင်းဆိုင်ရာ Software အား အသုံးပြုခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်ပို့ချခြင်း

(Training for MONREC on use of GHG inventory software (FAO))

ကျွမ်းကျင်သူများအဖွဲ့
၄.၅ အပူပိုင်းဇုန်အတွင်းရှိ သင့်လျော်သည့် သစ်တောနယ်မြေအချို့တွင် သစ်တော သယံဇာတစာရင်း ကောက်ယူခြင်း

(Conduct of forest inventory for selected areas of CDZ (linked to 3.1))

ကျွမ်းကျင်သူများအဖွဲ့
၄.၆ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများမရှိစေရေး ဆောင်ရွက်မှုများ အား စောင့်ကြည့်အကဲဖြတ်ခြင်း၊ အစီရင်ခံတင်ပြခြင်းနှင့် စိစစ်အတည်ပြုခြင်း များဆိုင်ရာ လက်စွဲပြုစုခြင်း

(Establishment of social and environmental safeguards monitoring, reporting and verification (MRV) protocols)

ကျွမ်းကျင်သူများအဖွဲ့
စီမံကိန်းကဏ္ဍအားလုံးလွှမ်းခြုံသည့် လုပ်ငန်းစဉ်များ- Cross-Sector Outputs
၅.၁ ကျား/မ ရေးရာ သိမှတ်လိုက်နာဖွယ်ရာများ (Gender) ကျွမ်းကျင်သူများအဖွဲ့
၅.၂ သင်တန်းများတွင် ပို့ချသည့်ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းများ ပြုစုခြင်း

(Training Curriculum Development)

ကျွမ်းကျင်သူများအဖွဲ့
၅.၃ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများအား စောင့်ကြည့် အကဲဖြတ်ခြင်း (Monitoring & Evaluation) ကျွမ်းကျင်သူများအဖွဲ့
၅.၄ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် ပစ္စည်းနှင့်ဝန်ဆောင်မှု များဝယ်ယူ ငှားရမ်းခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများအား စီမံအုပ်ချုပ် ခြင်း (Procurement and Financial management) ကျွမ်းကျင်သူများအဖွဲ့

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တိုက်ရိုက် အကောင်အထည်ဖော် ဆောင်ရွက်သည့်  စီမံကိန်း လုပ်ငန်းများ –

(က)    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်း လျာထား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ သည့် လုပ်ငန်းများ

စဉ် လုပ်ငန်းစဉ်အမည် အရေအတွက် မှတ်ချက်
သစ်တောကဏ္ဍာဆိုင်ရာလုပ်ငန်းများ
ကျေးရွာသုံးစိုက်ခင်းတည်ထောင်ခြင်း (၇၀) ဟက်တာ
ရေဝေရေလဲစိုက်ခင်းတည်ထောင်ခြင်း (၈၀) ဟက်တာ
သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း (၂၀၀) ဟက်တာ
ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၃၀ ဟက်တာ (၂၄,၅၁၀) ပင်
ရေရရှိရေးလုပ်ငန်းများ နှင့် တည်ဆောက်ရေးလုပ်ငန်းများ
မြေအောက်ရေ(အဝီစိတွင်း) တူးဖော်ခြင်း (၃) တွင်း
ဂါလန် ၇၅၀၀ ဆံ့ မိုးရေစုကန် တည် ဆောက်ခြင်း (၇) ကန်
ဂါလန်၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန်ပြုလုပ်ဖြန့်ဝေခြင်း (၂၇၀) ကန်
ရေကန်ငယ်များ ပြန်လည်ပြုပြင်ခြင်း (၁၂) ကန်
စီမံကိန်းရုံး တည်ဆောက်လုပ်ခြင်း (၁) လုံး
၁၀ စိုက်ခင်းစခန်းတဲ တည်ဆောက်လုပ်ခြင်း (၁) လုံး
၁၁ မျှော်စင် တည်ဆောက်လုပ်ခြင်း (၁) ခု
၁၂ ပျိုးဥယျာဉ် တည်ဆောက်လုပ်ခြင်း (၂) ခု
၁၃ သစ်တောလမ်း ပြုပြင်ခြင်း (၄၈၂၈) မီတာ
၁၄ ကျောက်စီနုန်းထိန်းတမံတည်ဆောက်ခြင်း (၁၅) ခု
၁၅ သစ်ကိုင်းဖျားသုံးနုန်းထိန်းတမံတည်ဆောက်ခြင်း (၄၆) ခု

(ခ)     ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်း လျာထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများ

စဉ် လုပ်ငန်းစဉ်အမည် အရေအတွက် မှတ်ချက်
သစ်တောကဏ္ဍာဆိုင်ရာလုပ်ငန်းများ
ကျေးရွာသုံးစိုက်ခင်း တည်ထောင်ခြင်း (၂၀၀) ဟက်တာ
ရေဝေရေလဲစိုက်ခင်း တည်ထောင်ခြင်း (၂၀၀) ဟက်တာ
သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း (၁၀၀၀) ဟက်တာ
ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၅၀ ဟက်တာ (၄၀,၈၅၀) ပင်
ရေရရှိရေးလုပ်ငန်းများ နှင့် တည်ဆောက်ရေးလုပ်ငန်းများ
မြေအောက်ရေ(အဝီစိတွင်း) တူးဖော်ခြင်း (၁) တွင်း
ဂါလန်၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန်ပြုလုပ်ဖြန့်ဝေခြင်း (၄၅၀) ကန်
ပျိုးဥယျာဉ် တည်ဆောက်လုပ်ခြင်း (၁) ခု
ကျောက်စီနုန်းထိန်းတမံတည်ဆောက်ခြင်း (၂၅) ခု
သစ်ကိုင်းဖျားသုံးနုန်းထိန်းတမံတည်ဆောက်ခြင်း (၄၅) ခု
Dryzone