စီမံခန့်ခွဲရေးဌာန၏ တာဝန်ဝတ္တရားများ

  • Home
  • /
  • စီမံခန့်ခွဲရေးဌာန၏ တာဝန်ဝတ္တရားများ

စီမံခန့်ခွဲရေးဌာန၏ တာဝန်ဝတ္တရားများ

စီမံခန့်ခွဲရေးဌာန၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)   အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အထောက်အကူပြုခြင်း၊

(၂ )  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ဝန်ထမ်းရေးရာကိစ္စရပ်များကို စီမံခန့် ခွဲခြင်း တာဝန်ယူဆောင်ရွက်ခြင်း

(၃)   အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများအရ နိုင်ငံခြား ပညာတော်သင် လေ့လာရေးခရီးစဉ် စေလွှတ်ရေးကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသား အတိုင်ပင်ခံများအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊

(၄)   နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ညွှန်ကြားရေး မှူးချုပ်၏ လမ်းညွှန်မှုခံယူ၍ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊

(၅)   အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန တစ်ခုလုံးအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေးကိစ္စများ တာဝန်ယူဆောင်ရွက်ခြင်း၊

(၆)   ဌာနတွင်း သုံးစွဲနေသော လုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ နေရာမှန် သုံးစွဲနိုင် ရေး စီမံခန့်ခွဲခြင်း၊

(၇)   ပျက်စီးသွားသော ခေတ်မမီ၍ အသုံးမပြုနိုင်သော ဌာနပိုင်ပစ္စည်းများ မဆုံးရှုံးစေ ရန် စီစဉ်ဆောင်ရွက် ထုခွဲရောင်းချခြင်း၊

(၈)   အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ ရ/သုံးငွေစာရင်း ကိစ္စရပ်များ၊ ရန်ပုံ ငွေရရှိရေး ကိစ္စရပ်များ၊ ညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်နှင့်အညီ ရန်ပုံငွေ ခွဲဝေမှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။

Dryzone