Climate Change Center (CCC) စီမံကိန်း

  • Home
  • /
  • Climate Change Center (CCC) စီမံကိန်း

Climate Change Center (CCC) စီမံကိန်း

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) စီမံကိန်း၏ အစီအစဉ်ဖြင့််တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေ ရေး စီမံကိန်းအား ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအား တိုင်းဒေသကြီး (၃) ခုရှိ စီမံကိန်း လုပ်ငန်းခွဲ ခရိုင် (၆) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ခရိုင်တစ်ခုအတွက် စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁.၂) သန်း အသုံးပြု သွားမည်ဖြစ်ပါသည်။ စီမံကိန်းအတွက် အဓိက ရန်ပုံငွေ ထောက်ပံ့သည့် အဖွဲ့အစည်းမှာ ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ဖြစ်ပြီး ၂၀၁၈ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုမှတ်တမ်း- Record of Discussions (ROD) လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ စီမံကိန်းကာလ (၆) နှစ် အတွင်း တိုင်းဒေသကြီး (၃) ခု အတွင်း မြို့နယ် (၂၇) မြို့နယ်ရှိ စီမံကိန်းဝင် အိမ်ထောင်စုများ သို့ မီးဖိုစုစုပေါင်း (၅၄၀,၀၀၀) လုံးအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။
စီမံကိန်း ပထမနှစ်အတွက် ကျေးရွာ (၅၅၉) ရွာရှိ အိမ်ထောင်စု (၁၀,၉၃၄၂) စုသို့ စွမ်း အားမြှင့်မီးဖို စုစုပေါင်း (၁၀,၉၃၄၂) လုံး နှင့် စီမံကိန်း ဒုတိယနှစ်အတွက် ကျေးရွာ (၅၅၀) ရွာရှိ အိမ်ထောင်စု (၁၀၉,၆၁၃) စုသို့ စွမ်းအားမြှင့်မီးဖို စုစုပေါင်း (၁၀၉,၆၁၃) လုံး ဖြန့်ဝေဆောင်ရွက်ပြီး ဖြစ်ပါ သည်။ စီမံကိန်းပထမနှစ်နှင့် စီမံကိန်းဒုတိယနှစ် ကျေးရွာအိမ်ထောင်စု (၂၁၈,၉၅၅) စုသို့ စွမ်းအားမြှင့် မီးဖို စုစုပေါင်း (၂၁၈,၉၅၅) လုံးအား ဖြန့်ဝေဆောင်ရွက်ပြီးခဲ့ပြီး ဖြန့်ဝေပြီး ကျေးရွာများကို (၂) နှစ် တစ် ကြိမ် မီးဖိုများလဲလှယ် ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းအတွက် လက်ရှိ အကောင်အထည် ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းခွဲ CPA (၆) ခု အပြင် ရွှေဘိုခရိုင်အား စီမံကိန်းလုပ်ငန်းခွဲ ခရိုင်အသစ် အဖြစ် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် Record of Discussions-ROD လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။

Dryzone