08
Dec

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ” ဦးစီးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၉)” ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “ဦးစီးအရာရှိများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၉)” သင်တန်းဖွင့်ပွဲအခမ်း အနားကို ၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ၊ အထူးဖိတ်ကြားထားသော မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ တတ်ရောက်ခဲ့ပါသည်။