05
Jan

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများ ကျင်းပ


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးဝင်းအတွင်း (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများအား ကျင်းပခဲ့ပါသည်။ အားကစားပြိုင်ပွဲများတွင် အားကစားနည်း (၁၁) မျိုးဖြင့် ပြိုင်ပွဲများကျင်းပခဲ့ရာ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဝန်ထမ်းမိသားစုများ၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းမိသားစုများ ဝင်ရောက်၍ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
အဆိုပါအားကစားပြိုင်ပွဲအသီးသီး၌ ဆုရရှိခဲ့သူများအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ညွှန်ကြားရေးမှူး (စီမံ)၊ ညွှန်ကြားရေးမှူး (စီမံကိန်း)၊ ညွှန်ကြားရေးမှူး (မန္တလေးတိုင်း)၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တတ်ရောက်၍ ဆုချီးမြှင့်ခဲ့ပါသည်။