10
Jan

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ၁/၂၀၂၆ကြိမ်မြောက် ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားကျင်းပခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၁/၂၀၂၆ ကြိမ်မြောက် ဝန်ထမ်းစုံညီ အစည်းအဝေး (ဒါဘာ) အခမ်းအနားအား ၉-၁-၂၀၂၆ ရက်နေ့ (၁၅:၃၀) မိနစ်အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေး မှူးများ၊ အရာထမ်း၊ အမှုထမ်းများ တတ်ရောက်ခဲ့ကြပါသည်။ ဝန်ထမ်းစုံညီအစည်းအဝေးအား အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ရာ ဦးစီးရုံးချုပ် ဌာနခွဲအသီးသီးရှိ ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။