02
Jun

“COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် မျက်နှာအကာ (Face Shield)နှင့် နှာခေါင်းစည်း (Mask) များ ဝတ်ဆင်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု”

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေး အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျက်နှာအကာ (Face Shield) နှင့် နှာခေါင်းစည်း (Mask) များ ဝတ်ဆင်၍ ပြည်ထောင်စု နှင့််တိုင်း​ဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများမှ ထုတ်ပြန်ထားရှိသည့် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

နေ့စဉ် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်​နေ့မှစတင်၍ အင်အား အပြည့်ဖြင့် ပြန်လည်​ ဆောင်ရွက်လျက်ရှိပြီး၊ ရုံးဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ လက်ဆေးရန် လက်​ဆေး​ ရေစင်နှင့် လက်သန့် ဆေးရည်များ ထားရှိပေးခြင်း၊ မျက်နှာအကာ (Face Shield)နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်စေ၍ ရုံးလုပ်ငန်းများ ​ဆောင်ရွက်လျက်ရှိပါ​သည်။