06
Feb

အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေး စီမံကိန်း”၏စီမံကိန်း ကြီးကြပ်မှု ကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့ပူးပေါင်း၍ Global Environment Facility-GEF ၏ထောက်ပံ့ ရန်ပုံငွေဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်“အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေး စီမံကိန်း” ပထမအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ၆-၂-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် အဆိုပါ စီမံကိန်းမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းစဉ်အလိုက် သုံးစွဲမည့် ရန်ပုံငွေတို့အပေါ် အတည်ပြုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်း အတည်ပြုခြင်းများ ပြုလုပ်နိုင်ခဲ့ပါသည်။