20
Aug

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများနှင့် စီမံကိန်းလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်​ဖော်​ ဆောင်ရွက်မည့် အထူးစိမ်းလန်း စိုပြည်ရေးစီမံကိန်း လုပ်ငန်းများအတွက် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ၁၉-၈-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် အထူးစိမ်းလန်း စိုပြည်​ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်် အသေးစိတ်လုပ်ငန်း အစီအစဉ်များကို ခရိုင် လက်​ထောက် ညွှန်ကြား​ရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများက ရှင်းလင်း တင်ပြခြင်း၊ ဦးစီးရုံးချုပ် ညွှန်ကြား​ရေးမှူးများက ကဏ္ဍအလိုက် သုံးသပ်ရှင်းလင်း ဆွေးနွေးခြင်း၊ ညွှန်ကြား​ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား​ရေးမှူးချုပ်တို့မှ ရှင်းလင်း တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေး​နွေးခြင်း၊ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို မွန်းလွဲ (၁၈:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။