05
Jan

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောအုပ်ကြီးများ လုပ်ငန်းခွင်ဝင်သင်တန်း ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် တောအုပ်ကြီးများ လုပ်ငန်းခွင်ဝင်သင်တန်းအား ဖွင့်လှစ် ခဲ့ကြောင်း သိရှိရသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး၊ စီမံကိန်းမှ  သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် (၁-၁-၂၀၁၇)ရက်နေ့မှစတင်ခန့်အပ်လိုက်သော တောအုပ်ကြီး သင်တန်းသား(၁၅)ဦးတက်ရောက်ပြီး (၅-၁-၂၀၁၇) ရက်နေ့မှ (၂၇-၁-၂၀၁၇) ရက်နေ့အထိ (၂၃)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ သင်တန်းကာလအတွင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့နယ်၊ ဆာလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်၊ ချောက်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ညောင်ဦးမြိုနယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊  မလှိုင်မြို့နယ်များရှိ ပျိုးဥယျာဉ်လုပ်ငန်းများ၊ စိုက်ခင်းလုပ်ငန်းများ၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများ၊ ထင်းအစား အခြားလောင်စာ တိုးမြှင့် သုံးစွဲရေးလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများကို (၁၁-၁-၂၀၁၇) ရက်နေ့မှ (၁၈-၁-၂၀၁၇) ရက်နေ့ထိ သွားရောက်လေ့လာမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။