12
Dec

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အရာရှိများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ကြီးမြို့၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့ မှ ဒီဇင်ဘာလ(၁၀)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့ နံနက် (၈:၃၀)နာရီတွင် အဖွင့်လှစ်ပေးခဲ့ပြီး အစည်းအဝေးသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ် ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အထက်အရာထမ်းများ၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ စုစုပေါင်း (၉၀)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နှစ်ရက်ကြာကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စ.ထ.ထ.ရ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှုများ၊  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စ.ထ.ထ.ရ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားမှု၊ အကြိုလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် (၅)နှစ်သားအထက်ကျေးရွာသုံးစိုက်ခင်းများမှ Management Plan နှင့်အညီ ဒေသခံကျေးရွာများမှ ထင်း၊ တိုင်၊ မျှော ထုတ်ယူသုံးစွဲနိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ ညနေ (၁၆:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။