14
Feb

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ကြီးမြို့၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ မှ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ဖွင့်လှစ်ပေးခဲ့ပြီးအစည်းအဝေးသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ် ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အထက်အရာထမ်းများ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများနှင့် မြို့နယ် ဦးစီးအရာရှိများ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နှစ်ရက်ကြာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်သုံးစွဲခွင့်ပြုသည့် လုပ်ငန်းစံနှုန်းအသစ်များ၊ လုပ်ငန်း လျာထားချက် များ နှင့် စ.ထ.ထ.ရ လုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ညနေ(၁၇:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။