နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအမှူးတို့၏ လမ်းညွှန် ချက် အရ စိုက်ပျိုးခြင်းလုပ်ငန်းများ

  • Home
  • /
  • နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအမှူးတို့၏ လမ်းညွှန် ချက် အရ စိုက်ပျိုးခြင်းလုပ်ငန်းများ

ဆောင်ရွက်ဆဲ နိုင်ငံတကာစီမံကိန်း (Project) လုပ်ငန်းများ

ADB- GEF စီမံကိန်း

Asian Development Bank (ADB) နှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ “အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသ တွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်း – Rural Productivity and Ecosystems Services Enhanced in Central Dry Zone Forest Reserves” ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ မယ်ညိုတောင်ကြိုးဝိုင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ (၁၆) ရွာတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးထောက်ပံ့ သည့် အဖွဲ့အစည်းမှာ Global Environment Facility (GEF) ဖြစ်ပြီး ထောက်ပံ့မှု (ရန်ပုံငွေ) မှာ အမေရိကန်ဒေါ်လာ (၄.၇၉) သန်း ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် Asian Development Bank (ADB) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဦးစီးဌာနနှင့် ADB တို့အကြား တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း (Record of Discussion) အပေါ် လက်မှတ်ရေးထိုးခြင်းကို (၁၃-၂-၂၀၁၉) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများမှာ ​အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) သစ်တောစိုက်ခင်းတည်ထောင်ခြင်း (ကျေးရွာသုံးစိုက်ခင်း-၇၀ ဟက်တာနှင့် ရေဝေ ရေလဲစိုက်ခင်း- ၈၀ ဟက်တာ)

(ခ)   ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း (၂၄၅၁၀) ပင်

(ဂ)   သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း (၂၀၀) ဟက်တာ

−၃၈−

(ဃ) တည်ဆောက်ရေးလုပ်ငန်းများ (စီမံကိန်းရုံး၊ စိုက်ခင်းစခန်းတဲနှင့် မျှော်စင်တည် ဆောက်ခြင်း၊  ပျိုးဥယျာဉ် (၂) ခု တည်ဆောက်ခြင်းနှင့် သစ်တောလမ်းပြုပြင်ခြင်း (၄၈၂၈) မီတာ၊ ဒေသသောက်သုံးရေရရှိရေးအတွက် ဂါလန် ၇၅၀၀ ဆံ့ မိုးရေစုကန် (၇) ကန်၊ ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၂၇၀)ကန်၊ ရေကန်ငယ် (၁၂) ကန် ပြန်လည်ပြုပြင်ခြင်း၊ မြေအောက်ရေ(အဝီစိတွင်း) (၃)တွင်း တူးဖော်ခြင်း)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် လုပ်ငန်း လျာထား
စိုက်ခင်းတည်ထောင်ခြင်း (၄၀၀) ဟက်တာ
ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း (၄၀၈၅၀) ပင်
သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း (၁၀၀၀) ဟက်တာ
မြေအောက်ရေ (အဝီစိတွင်း) တူးဖော်ခြင်း (၁) တွင်း
ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန်တည်ဆောက်ခြင်း (၂၁၀) ကန် (စီမံကိန်း ကျေးရွာ(၇) ရွာတွင်)

 

စီမံကိန်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျွမ်းကျင်သူများအဖွဲ့ Consultant Firm က ဆောင်ရွက်သည့် လုပ်ငန်းများအနေဖြင့်် စီမံကိန်းဆိုင်ရာအခြေခံ စာရင်းကောက်ယူခြင်း နှင့် အစီရင်ခံစာများ ပြုစုတင်ပြခြင်းတို့ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)             Ecosystem/Landscape Management Planning ရေးဆွဲခြင်းနှင့် စမ်းသပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

(ခ)    Key Biodiversity Area Approach နှင့် Community-based Conservation Approach တို့အား ပေါင်းစပ်၍ လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

(ဂ)   Ecosystem/ Landscape Management Planning ရေးဆွဲခြင်းဆိုင်ရာ လက်စွဲ ပြုစုခြင်း။

(ဃ)  စိုက်ပျိုးရေးကဏ္ဍ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများအား စီမံ ကိန်းကျေးရွာ (၂၄) ရွာတွင် ပို့ချခြင်း။

(င)   Payment for Ecosystem Services စနစ်အား ပုပ္ပါးတောင်ဉယျာဉ်တွင် စမ်းသပ် အကောင်အထည်ဖော်ကျင့်သုံးနိုင်ရန် ဒီဇိုင်းရေးဆွဲခြင်းနှင့် စမ်းသပ် ဆောင်ရွက်ခြင်း။

(စ)   Payment for Ecosystem Services (PES) နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန အောက်ရှိ ဆက်စပ်ဌာနများမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့်(PES) စနစ်အား လေ့လာနိုင်ရန် PES ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဗီယက်နမ်နိုင်ငံတွင် ကျင်းပခြင်း။

−၃၉−

(ဆ)  မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွက် Water Accounting System Software အား ရေးဆွဲခြင်းနှင့် Software အား လက်တွေ့စမ်းသပ်အသုံးပြုခြင်း။

(ဇ)           မြန်မာနိုင်ငံအလယ်ပိုင်း သစ်တောကြိုးဝိုင်းများ၏ အခြေအနေအား လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာပြုစုခြင်း။

Dryzone