နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအမှူးတို့၏ လမ်းညွှန် ချက် အရ စိုက်ပျိုးခြင်းလုပ်ငန်းများ

  • Home
  • /
  • နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအမှူးတို့၏ လမ်းညွှန် ချက် အရ စိုက်ပျိုးခြင်းလုပ်ငန်းများ

ဆောင်ရွက်ပြီး နိုင်ငံတကာစီမံကိန်း (Project) လုပ်ငန်းများ

UNDP- AF စီမံကိန်း

United Nations Development Programme (UNDP) နှင့် အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်း အမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း “Addressing Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar” ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ချောက်မြို့

−၃၇−

နယ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးရန်ပုံ​ငွေထောက်ပံ့​ပေးသည့် အဖွဲ့အစည်းမှာ Adaptation Fund (AF) ဖြစ်ပြီး ထောက်ပံ့မှု (ရန်ပုံငွေ) မှာ အမေရိကန်ဒေါ်လာ(၇.၉) သန်း ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းများအား UNDP မှ တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အဆိုပါစီမံကိန်းတွင် စီမံကိန်းကဏ္ဍကြီး(၃) ခုဖြစ်သည့် (၁) အပူပိုင်းဒေသ ကျေးရွာပေါင်း (၂၈၀) ရွာတွင် ပူပြင်းခြောက်သွေ့သောရာသီကာလများအတွင်း ရေချို စဉ်ဆက်မပြတ်ရရှိစေရန် ဆောင် ရွက်ခြင်း၊ (၂) ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများဆောင် ရွက်ခြင်းနှင့် (၃) ကာလတို/ကာလရှည် ရာသီဥတုခန့်မှန်းချက်များထုတ်ပြန်ပေးခြင်းအားဖြင့် ရာသီဥတု ဖေါက်ပြန်မှု သတင်းများကို တောင်သူများထံသို့ အချိန်မီမြန်ဆန်စွာ ရောက်ရှိစေခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီး စီမံကိန်းမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ စီမံကိန်းကာလအတွင်း အသုံးပြု ခဲ့သော စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများကိုလည်း စီမံကိန်းတွင်ပါဝင်သည့် ဆက်စပ်ဌာန အသီးသီးသို့ လွှဲ ပြောင်းပေးအပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

Dryzone