09
Jul

တောအုပ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တောအုပ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၉-၇-၂၀၁၈ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော သန္ဓေဝန်ထမ်း(၂၃) ဦး၊ ရွေ့လျားဝန်ထမ်း(၇) ဦး၊ စုစုပေါင်း (၃၀) ဦးတို့ဖြင့် ၉-၇- ၂၀၁၈ ရက်နေ့မှ ၁၆-၇-၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။