11
Aug

တတိယအဆင့်အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်(၁) ဦးစီးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ်(၁)ဖွင့်လှစ်

နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု ( Third Wave ) လုပ်ငန်းစဉ်(၁)ကို အကောင်အထည်ဖော် ဆောင်ရွက်မှုအဖြစ် ဦးစီးအရာရှိများ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း အပတ်စဉ်(၁)ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ ပုသိမ်ကြီးမြို့၌ ဩဂုတ်လ(၄)ရက်နေ့ မှ(၈)ရက်နေ့အထိ(၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၄)ရက်နေ့ နံနက်(၈:၀၀)နာရီတွင် ကျင်းပ ခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ ဦးစီးရုံးချုပ်အရာထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဦးစီးအရာရှိ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသားအဖြစ် စစ်ကိုင်း၊မကွေး၊ မန္တလေး တိုင်းဒေသကြီးများရှိ (၅၄) မြို့နယ်မှ ပထမအကြိမ်အဖြစ် ဦးစီးအရာရှိ (၂၇)ဦး တက်ရောက်ခဲ့ပြီး အရာထမ်းများအနေဖြင့် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုသိရှိပြီး ခေတ်နှင့်လိုက် လျောညီထွေ စိတ်ဓါတ်ပါပြောင်းလဲလိုက်ပါလုပ်ဆောင်ရေး၊ အရာထမ်းတစ်ဦးချင်းစီ၏ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်ယူတတ်မှု၊ တာဝန်သိတတ်မှု၊ တာဝန်ခံတတ်မှုများ ပိုမိုမြင့်မားလာစေရန်နှင့် မိမိတာဝန်ဝတ္တရားများကို ကြိုးစားလုပ်ကိုင်တတ်ရေး၊ လုပ်ငန်းများကို လျင်မြန်ထိရောက်စွာဖြင့် စွမ်းဆောင်ရည်ရှိစွာလုပ်ကိုင်တတ်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။