မြေအမျိုးအစားများ

  • Home
  • /
  • မြေအမျိုးအစားများ

မြေအမျိုးအစားများ

အပူပိုင်းဒေသ တိုင်းဒေသကြီး(၃)ခုရှိ မြေအမျိုးအစားများအနေဖြင့် အချဉ် ဓါတ်နှင့် အငံဓါတ်သင့်တင့်မျှတမှုရှိသော (pH7-8.5) မြေအမျိုးအစား ၆၀%ခန့် တွေ့ရှိရပါသည်။ အငံဓါတ် လွန်ကဲသော (pH8.5 ထက်ကျော်သော) မြေအမျိုးအစား ၃၀% တွေ့ရှိရပြီး၊ အချဉ်ဓါတ်များသော (pH6 ထက်နည်းသော) မြေအမျိုးအစား ၁၀%  ရှိကြောင်း မှတ်တမ်းများအရ တွေ့ရှိရပါသည်။

အများဆုံး တွေ့ရှိရသော မြေအမျိုးအစားမှာ နီညိုရောင်၊ သဲဆန်ပြီး ၊ ထုံးဓါတ် ပါဝင်မှုများ၍ ရေထိန်းသိမ်းထားနိုင်မှု ၃.၂% မှ ၉.၅% သာရှိသည့် အညံ့ဆုံးမြေ အမျိုးအစား “မြေနီသဲဝန်း” (Red  brown  Savanna  Soil ) များ ဖြစ်ပါသည်။

အခြားတွေ့ရှိရသော မြေအမျိုးအစားများမှာ နီညိုဖျော့ရောင်၊  (pH 6-7.5) ရှိသော “သဲဝန်း” ( Cinnamon Soil  )၊ စနယ်မြေ( Dark compact Soil ) ခေါ် အနက်ရောင် မြေစေး (ရေထိန်းသိမ်းမှု ၂၈.၄%)၊ သဲကျောက်မြေ၊ ရွှံ့ကျောက် မြေ၊ယှေလကျောက်ရောသောမြေ၊ မီးတောင်မြေအမျိုးအစား၊ ဂဝံမြေအမျိုးအစား၊ ကျောက်ဖြုန်းကမ္ဘာမြေ အမျိုးအစား သဲနုန်းမြေ အမျိုးအစား၊ ဖွတ်ချီးမြေ၊ ကျောက်စရစ်မြေ၊ ခွန်မြေ (မြေနီသဲဝန်း)၊ ကြပ်တီးမြေ၊ ဂျင်းကျောက်မြေ (မြေနီကျောက်စရစ်)၊ ကျစ်မြေ၊ ကမ္ဘာမြေ (သဲပြင်အချပ်လိုက်၊ အထပ်လိုက်ဖြစ်ခြင်း)  စသည် တို့ဖြစ်ပါသည်။

Dryzone