11
May

၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်၊ ဇွန်လရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “the fight against the illegal trade in wildlife” (တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့) ခေါင်းစဉ်ဖြင့် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ယခုနှစ် ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်(Theme) အဖြစ် “the fight against the illegal trade in wildlife” (တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့)ဟု သတ်မှတ် ထားပြီး ကြွေးကြော်သံဆောင်ပုဒ်(Slogan) အဖြစ် “Go Wild for Life” (သက်ရှိဘဝတည်မြဲဖို့လူ့ပရောဂကင်းတဲ့ သဘာဝစနစ်နှင့်အတူ လျှောက်လှမ်းစို့)ဟု သတ်မှတ်ထားပါသည်။ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာအခမ်းအနားကို အင်ဂိုလာနိုင်ငံတွင် ကျင်းပမည် ဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ အဖိုးတန် ဇီဝမျိုးစုံမျိုးကွဲများအား တစ်စထက်တစ်စ ဆုတ်ယုတ်လျော့ပါးလာစေပြီး ဆင်များ၊ ကြံ့များနှင့် ကျားများကဲ့သို့သော ရှားပါးမျိုးစိတ်များနှင့် အခြားမျိုးစိတ်များအား ခြိမ်းခြောက်လျက်ရှိသည့် တောရိုင်း တိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုအား ဆန့်ကျင်တိုက်ဖျက်ရန် ဖြစ်ပါသည်။ အဆိုပါ တောရိုင်း တိရစ္ဆာန်များအား တရားမဝင်ကုန်သွယ်မှုသည် ကျွန်ုပ်တို့၏ စီးပွားရေး၊ လူမှုရေးနှင့်လုံခြုံရေးတို့အား ထိခိုက်စေလျက်ရှိပါသည်။ အာဖရိကရှိ ဆဗားနားမြက်ခင်းပြင်တွင် လူဆိုးဂိုဏ်းများ၏ ဖြတ်တောက်ခြင်းခံထားရသည့် ဆင်စွယ်များဖြင့် လဲလျောင်းလျက်ရှိသည့် ဆင်သေများ၊ အာရှ၏ ဈေးဆိုင်ခန်းများ အတွင်း တိတ်ဆိတ်စွာ ဟိန်းဟောက်လျက်ရှိသည့် ကျားအရေခွံများနှင့် အနောက်နိုင်ငံမှ ဝယ်လက်ထံသို့ မရောက်ရှိမီ ကြားခံရောင်းဝယ်သူများထံတွင် ထိန်းသိမ်းထားသည့် ဧရာမပင်လယ်လိပ်ခွံကြီးများကို တွေ့မြင်နေရပါသည်။ ထိုပုံရိပ်များသည် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ကုန်သွယ်မှုကြောင့် ကျွန်ုပ်တို့၏ အဖိုးတန်လှသည့် ဇီဝမျိုးစုံမျိုးကွဲများအား လျော့ပါးစေလျက်ရှိပြီး ကျွန်ုပ်တို့၏ သဘာဝ အမွေအနှစ်များအား လုယူနေခြင်းနှင့် ကမ္ဘာမြေ၏ အဖိုးတန် ဇီဝမျိုးစုံမျိုးကွဲများအား မျိုးသုဉ်းခြင်း အဖြစ်သို့ရောက်ရှိစေရန် တွန်းအားပေးနေခြင်းတို့ကို  မီးမောင်းထိုးပြနေခြင်း ဖြစ်ပါသည်။ အဆိုပါ သတ်ဖြတ်မှုနှင့် မှောင်ခိုမှုများသည် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးထိခိုက်မှု၊ ရာဇဝတ်မှုများပိုမိုဖြစ်ပေါ် စေမှု၊ အကျင့်ပျက်ခြစားမှုနှင့် မလုံခြုံမှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်သည်။ အဆိုပါကုန်သွယ်မှုကြောင့် ဆင်၊ ကြံ့၊ ကျား၊ ဂေါ်ရီလာမျောက်ဝံနှင့် ပင်လယ်လိပ်များအတွက် ကြီးမားသည့် အန္တရာယ်ဖြစ်ပြီး လူသိနည်းသည့် သံခမောက်လုံး၊ နှုတ်သီး ကြီးငှက်မျိုး၊ သင်းခွေချပ်နှင့် သစ်ခွရိုင်းများသည်လည်း ယင်း အန္တရာယ်မှ လွတ်ကင်းနိုင်မည်မဟုတ်ပါ။ ၎င်းတို့ကိုကာကွယ်ပေးရန် ကြိုးစားရာတွင် အောင်မြင်မှုအချို့ ရရှိခဲ့ပါသည်။ ဤမျိုးစိတ်များနှင့် အခြားမျိုးစိတ်များစွာတို့အား ထိန်းသိမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး ဆိုင်ရာ မူဝါဒနှင့် အလေးထားစဉ်းစားရမည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုရှိစေမည့် နိုင်ငံ တကာစည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိသော်လည်း မျိုးစိတ်များစွာအတွက် ဘေးအန္တရာယ် ရှိသော အလားအလာ ရှိနေဆဲ ဖြစ်ပါသည်။ ဤဖြစ်ပေါ်နေမှုများကို ပြောင်းလဲရန်အတွက် ကျွန်ုပ်တို့ လူသားများအနေဖြင့် ထိုတရားမဝင် စီးပွားရေးလုပ်ငန်းများသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုအသိုင်းအဝိုင်းများနှင့် လုံခြုံမှုတို့အား ထိခိုက်ပျက်စီးစေနိုင်ကြောင်းကို ပိုမိုနားလည်ရန် လိုအပ်လာပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဝယ်လိုအား ကျဆင်းရန် ကျွန်ုပ်တို့၏ အလေ့အကျင့်နှင့် အပြုအမူများကို ပြောင်းလဲရမည်ဖြစ်ပြီး အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း ပိုမိုခိုင်မာသည့် ဥပဒေများရေးဆွဲပြဌာန်းခြင်း၊ လိုက်နာ ဆောင်ရွက်စေခြင်းနှင့် ထိုဥပဒေများအား ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူခြင်းတို့ကို ဆောင်ရွက် ရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ခြိမ်းခြောက်ခံမျိုးစိတ်များ၏ လုံခြုံမှုအား ကျွန်ုပ်တို့အနာဂတ်မျိုးဆက်များအတွက် ကာကွယ်စောင့်ရှောက်ရန်တိုက်တွန်းအားပေး ထားခြင်းဖြစ်သည်။ သင်သည် မည်သူပင်ဖြစ်စေ၊ မည်သည့်နေရာတွင် နေထိုင်သူဖြစ်စေ၊ ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်ရှိ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုအား လုံးဝလက်မခံကြောင်း နည်းလမ်း ပေါင်းစုံဖြင့် ပြသရမည်ဖြစ်ပါသည်။

သို့ပါ၍ ယခုနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်များနှင့် အသိပေးနှိုးဆော်ချက်များကို ပြည်သူအများသိရှိဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်ချက်ဖြင့် အဆိုပါဆောင်ပုဒ်နှင့်စပ်လျဉ်းသည့် မိမိတို့ ရေးသား တင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံး များကို ရေးသား ပေးပို့ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာ အထိလည်းကောင်း၊ စာစီစာကုံးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံးမျက်နှာမှ အများဆုံးမျက်နှာ အထိလည်းကောင်း၊ ကွန်ပျူတာစာလုံး Myanmar Unicode (Myanmar 2) သို့မဟုတ် Win-Innwa စာလုံးအရွယ်အစား-၁၈ (Fontsize 18)၊ ကွန်ပျူတာစာလုံး Myanmar Unicode (Myanmar 3) စာလုံးအရွယ်အစား-၁၄ (Fontsize 14)၊ စာကြောင်းအကွာအဝေး ၁.၅ (Line Spacing 1.5) ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် စာမူ(Hard copy)တစ်စုံနှင့် CD ဖြင့် (Soft copy)တစ်စုံ၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၅၃၊ နေပြည်တော်၊ (တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၃၁၃၂၅၊ ၀၆၇-၄၃၁၃၂၁၊ ၀၆၇-၄၃၁၃၁၈၊ ဖက်စ်အမှတ်၊ ၀၆၇-၄၃၁၃၂၅၊ ၀၆၇-၄၃၁၃၂၂ အီးမေးလ်-ppir.ecd@moecaf.gov.mm နှင့် thinthin.env@gmail.com)သို့ ၂၀၁၆ ခုနှစ်၊ မေလ ၂၃ ရက်(တနင်္လာနေ့)နောက်ဆုံးထား၍ဆက်သွယ်ပေးပို့နိုင်ပါသည်။

          ဆုရရှိသူများကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုက်တန်စွာ ဆုချီးမြှင့်မည် ဖြစ်ပါသည်။

 

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန