04
Nov

“အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေး စီမံကိန်း” စီမံကိန်းကြီးကြပ်မှု ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး (2nd Technical Steering Committee Meeting) ကျင်းပခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ ပူးပေါင်း၍ Global Environment Facility-GEF ၏ ထောက်ပံ့ရန်ပုံငွေဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် “အလယ်ပိုင်းဒေသ အပူပိုင်း သစ်တော ကြိုးဝိုင်းများ၏ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေး စီမံကိန်း” စီမံကိန်းကြီးကြပ်မှု ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ၄-၁၁-၂၀၁၉ ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် အဆိုပါ စီမံကိန်းမှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်် စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆက်လက် အကောင်အထည်ဖော်​ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း အစီအစဉ်များအား စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ (Consultant Team) တို့မှ တင်ပြရှင်းလင်းခြင်း၊ ညှိနှိုင်းဆွေးနွေး၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။