25
Sep

“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်းလျာထားချက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း”

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်းလျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ၂၅-၉-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်းလျာထားချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြပြီး ဆက်လက်၍ အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် မြို့နယ်တာဝန်ခံများက စီမံကိန်း၏ အသေးစိတ်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြား​ရေးမှူးများက ကဏ္ဍအလိုက် သုံးသပ်ရှင်းလင်း ဆွေးနွေးခြင်း၊ ညွှန်ကြား​ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား​ရေးမှူးချုပ်တို့မှ ရှင်းလင်း တင်ပြချက်များအပေါ် သုံးသပ်​ဆွေး​နွေးခြင်း၊ လမ်းညွှန်မှာကြားခြင်း၊ အထွေ​ထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ(၁၇:၀၀)နာရီ အချိန် တွင် ပြီးမြောက်ခဲ့ပါသည်။