21
Oct

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ကြီးမြို့၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့မှ အောက်တိုဘာလ(၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့ နံနက် (၈:၃၀)နာရီတွင် အဖွင့်လှစ်ပေးခဲ့ပြီး အစည်းအဝေးသို့ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ် ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အထက်အရာထမ်းများ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့် ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးများ စုစုပေါင်း (၃၂)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နှစ်ရက်ကြာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်း လျာထားချက်များ၊  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းလျာထားချက်များနှင့် စ.ထ.ထ.ရ လုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ ညနေ (၁၇:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။