18
Jul

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၊ စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေးနှင့် တိ

ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကို (၁၈-၇-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး(၃) ခုမှ ညွှန်ကြားရေးမှူးများ၊ CCC စီမံကိန်းနှင့် သက်ဆိုင်သော အင်ဂျင်နီယာဌာနမှ အရာထမ်းများ တက်ရောက်၍   CCC စီမံကိန်း လုပ်ငန်းများအား ခရိုင်/ မြို့နယ်များမှ ကြိုးပမ်းလုပ်ဆောင်နေမှုအပေါ် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများမှ ကြီးကြပ်ဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးညှိနှိုင်းကြပါသည်။

 ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး(၃)ခုမှ ညွှန်ကြားရေးမှူးများ၊ ဦးစီးရုံးချုပ်မှ အရာထမ်းများ တက်ရောက်ကြပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ၂၀၁၉ ခုနှစ်၊ မိုးရာသီအတွက် ဆောင်ရွက်ရန် လျာထားသည့် (စ.ထ.ထ.ရ) လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။