23
Apr

“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ သန္ဓေတောခေါင်းများအား မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၉ ခုနှစ် အခြေခံသစ်တောပညာ သင်တန်းအမှတ်စဉ် (၁၁၅)အတွက် သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ ကျင်းပခြင်း”

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သန္ဓေတောခေါင်းများအား မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၉ ခုနှစ် အခြေခံသစ်တောပညာ သင်တန်းအမှတ်စဉ်(၁၁၅)၊ (၂)နှစ်သင်တန်းသို့ တက်ရောက်နိုင်ရန်အတွက် သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို  ၂၂-၄-၂၀၁၉ ရက်နေ့နှင့် ၂၃-၄-၂၀၁၉ ရက်နေ့များတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို အပူပိုင်း​ဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သတ်မှတ်အရည်အချင်းများဖြင့် ကိုက်ညီသူ သန္ဓေ တောခေါင်းဝန်ထမ်း (၃၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၂-၄-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာစာနှင့် မွန်းလွဲပိုင်းတွင် အထွေထွေဗဟုသုတ ဘာသာရပ်များ၊ ၂၃-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် သင်္ချာဘာသာရပ်များအား ဖြေဆိုခဲ့ကြပြီး သင်တန်းဝင်ခွင့် အရည်အချင်း စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြပါသည်။